လက်ရှိသုံးစွဲသူ၏ အမည်ပေါက်မဟုတ်ပါက MPT ဆင်းမ်ကတ်အသုံးပြုသူများ ပြန်လည်မှတ်ပုံတင်ရန် လိုအပ်

လက်ရှိသုံးစွဲသူ၏ အမည်ပေါက်မဟုတ်သည့် အမ်ပီတီ ဆင်းမ်ကတ်အသုံးပြုသူများအား လုံးမှတ်ပုံတင်ခြင်း (SIM Registr ation) ပြုလုပ်ရန်လိုအပ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်သည်။

MPT

ယခင်က စာချုပ်ဖြင့် ၀ယ်ယူထားသူများသည် မိမိအမည်ပေါက်မဟုတ်လျှင်ဖြစ်စေ၊ သုံးစွဲသူကိုယ်တိုင် မှတ်ပုံတင်ဖြင့် ၀ယ်ယူထားသူ မဟုတ်လျှင်ဖြစ်စေ၊ ထပ်မံ၍ ဆင်းမ်ကတ်မှတ်ပုံတင်ရန် လိုအပ်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘CDMA တွေလည်း မှတ်ပုံတင်ဖို့လိုပါတယ်။ လူကြီးမင်း၏ စာချုပ်တွင်ပါရှိသော အမည်မှာ လက်ရှိအသုံးပြုသူ အမည် ဖြစ်ပါက ထပ်မံမှတ်ပုံတင်ရန်မလိုအပ်ပါ။ စာချုပ်ပါအမည်မှာ အခြားသူအမည်ဖြစ်နေလျင် မိမိအမည်နဲ့  ပြန်လည် မှတ်ပုံတင်ဖို့လိုအပ်မှာဖြစ်ပါတယ်’’ဟု အမ်ပီတီကထုတ်ပြန်သည်။

လက်ရှိတွင် ဆက်သွယ်ရေးအော်ပရေတာသုံးခုစလုံးက ဆင်းမ်ကတ်အသုံးပြုသူများအား နီးစပ်ရာ၎င်းတို့၏ အမှတ် တံဆိပ် (Branded Shop) အရောင်းဆိုင်များတွင် မှတ်ပုံတင်ရန် နှိုးဆော်ထားပြီး အသစ်ဝယ်ယူသူများနှင့် ယခင် ၀ယ်ယူထားသူအချို့က လာရောက်မှတ်ပုံတင်ခြင်း ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ် သန်း ၂၀ ကျော်၊ အူရီးဒူးကုမ္ပဏီမှ ၈ သန်းကျော်၊ တယ်လီနောကုမ္ပဏီမှ ၁၆ သန်းကျော် ရောင်းချထားပြီး အူရီးဒူးက ၎င်းတို့၏ အသုံးပြုသူ ၇၅ ရာခိုင်နှုန်းမှာ မှတ်ပုံတင်ထားသည်ဟု တရားဝင်ပြောကြားထားကာ ကျန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုက စိစစ်နေဆဲသာ ဖြစ်ကြောင်း ပြောကြား ထားသည်။

အော်ပရေတာသုံးခုစလုံး သည် အသုံးပြုသူများအတွက် မိုဘိုင်းအက်ပလီကေးရှင်း၊ ၀က်ဘ်ဆိုက်တို့မှတစ်ဆင့် လွယ်ကူစွာ မှတ်ပုံတင်နိုင်ရန် စီစဉ်နေကြောင်း သတင်းထုတ်ပြန်ထားသည်။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ပြည်တွင်းရှိ မိုဘိုင်းဆင်းမ်ကတ်အသုံးပြုသူအားလုံး မှတ်ပုံတင်ရန် ယခုလဆန်းက ကြေညာခဲ့ပြီး ၂၀၁၇ မတ်လကုန်အထိ မှတ်ပုံတင်ခြင်းမပြုလုပ်သူများကို ဆက်သွယ်ရေးဝန်ဆောင် မှုရပ်ဆိုင်းမည်ဟု သတင်းထုတ် ပြန်ခဲ့သည်။

# 7 Day Daily


Leave a Reply