ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၀၇ ကျပ်ဝန်းကျင်အထိ ဆက်တိုက်မြင့်တက်လာ

ဗဟိုဘဏ်က ဈေးနှုန်းတိုးမြှင့်သတ်မှတ်နေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၀၇ ကျပ် ၀န်းကျင်သို့ ဆက်တိုက်မြင့်တက်လာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး ဈေးကွက်အသိုင်းအ၀ိုင်းမှ သိရသည်။

သြဂုတ် ၂၂ ရက် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် နံနက်ပိုင်း အဖွင့်ဈေးတွင် တစ်ဒေါ်လာလျှင် ၁၂၀၃ ကျပ်ဝန်းကျင်ရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၂၀၇ ကျပ် ၀န်းကျင်သို့ ဆက်လက်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် သြဂုတ် ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ ၀န်းကျင်အထိ စတင် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး မေ ၂၅ ရက်တွင် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ ၀န်းကျင်အထိ ရှိခဲ့ပြီးနောက်ပိုင်း သုံးလခန့်အကြာ သြဂုတ်နောက်ဆုံးပတ်တွင် တစ်ဒေါ်လာလျှင်ကျပ် ၁၂၀၀ ကျော်သို့ ပြန်လည်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၂၅ ရက်နောက်ပိုင်း နှစ်ပတ်ကျော်ကြာ အတက်အကျ နည်းအေးနေသည့် ပြင်ပဒေါ်လာလဲနှုန်းသည် သြဂုတ် ၁၁ ရက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၁၉၁ ကျပ်ဝန်းကျင်မှ စတင်၍ မြင့်တက်လာကာ သြဂုတ် ၂၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၇ ကျပ်ဝန်းကျင်အထိ ရှိလာခဲ့သည်။

သြဂုတ်တတိယပတ်အတွင်း ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် သြဂုတ် ၁၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၃ ကျပ်ဝန်းကျင်မှ သြဂုတ် ၁၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၅ ကျပ်ဝန်းကျင်သို့ လည်းကောင်း၊ သြဂုတ် ၁၇ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ်မှ သြဂုတ် ၁၈ ရက်တွင် ၁၁၉၇ ကျပ်သို့ ဆက်တိုက် မြင့်တက်လာခြင်း ဖြစ်သည်။

သြဂုတ်ဒုတိယပတ်အတွင်း ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် သြဂုတ် ၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၈၇ ကျပ်ဝန်းကျင်မှ သြဂုတ် ၉ ရက်နှင့် ၁၀ ရက်များတွင် တစ်ဒေါ်လာလျှင် ၁၁၈၈ ကျပ်ဝန်းကျင်သို့ လည်းကောင်း သြဂုတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် တစ်ဒေါ်လာလျှင် ၁၁၉၁ ကျပ်သို့ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

သြဂုတ်ပထမပတ် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် သြဂုတ် ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၈၅ ကျပ် ၀န်းကျင်၊ သြဂုတ် ၃ ရက်နှင့် ၅ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၁၈၆ ကျပ်ဝန်းကျင်ရှိခဲ့ပြီး သြဂုတ် ၂ ရက်နှင့် ၄ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၈၇ ကျပ်ဝန်းကျင် ရှိခဲ့သည်။

ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းတွင် ဒေါ်လာသတ်မှတ်နှုန်း သြဂုတ် ၁ ရက်မှ ၁၂ ရက်အထိ တစ် ဒေါ်လာလျှင် ၁၁၈၇ ကျပ်သတ်မှတ်ထားပြီး သြဂုတ် ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်များတွင် တစ်ဒေါ်လာလျှင် ၁၁၈၈ ကျပ်မှ သြဂုတ် ၁၈ ရက်နှင့် ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၉၀ သို့ လည်းကောင်း သြဂုတ် ၂၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၂ ကျပ်သို့ တိုးမြှင့် သတ်မှတ်ထားသည်။

သြဂုတ် ၂၂ ရက်တွင်ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ် ဒေါ်လာလျှင် ၁၁၉၂ ကျပ် သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၀၇ ၀န်းကျင်၊ ၀ယ်ဈေး ၁၂၀၅ ကျပ်ဝန်းကျင် ရှိနေကြောင်း သိရသည်။  # Eleven


Leave a Reply