H1N1 ကြောင့် သေဆုံးသူအယောက် ၃၀ ရှိသွားပြီ

ရာသီတုပ်ကွေးရောဂါးပိုး (H1N1)ကြောင့် ဇူလိုင်လ ၇ ရက်နေ့အထိ တရားဝင်စာရင်းတွေအရ သေဆုးသူ ၃၀ ဦး ထိရှိလာပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပါတယ်။ သေဆုံးသူ တွေထဲမှာ ရန်ကုန်တိုင်းက ၂၄ ဦး၊ ဧရာဝတီတိုင်း ၃ ဦး၊ စစ်ကိုင်းတိုင်း ၂ဦး နဲ့ မွန်ပြည်နယ်က ၁ ဦး တို့ ဖြစ်ပါတယ်။ H1N1 ရောဂါးပိုးကူးစက် ခံထားရကြောင်း ဓာတ်ခွဲစမ်းသပ်အတည်ပြုပြီးသူပေါင်း ၁၅၀ ဦးရှိခဲ့တဲ့အနက် ရောဂါ ကူးစက်ခံထားရသူအများစုမှာ ရန်ကုန်တိုင်းဒေသကြီးထဲကသူတွေ ဖြစ်တယ်လို့လည်း ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံမှာ H1N1 ကြောင့် သေဆုံးမှုအနေနဲ့ ၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားသူ လေးရာကျော်အနက် သုံးဆယ်ကျော် သေဆုံးခဲ့ပြီး လက်ရှိမှာ ဖြစ်ပွားသူ တစ်ရာကျော်မှာ သေဆုံးသူက အယောက် ၃၀ အထိ ရှိလာပြီဖြစ်ပါတယ်။ bbc