ထိုင်းမှာ မကြာသေးခင်က ဗုံးခွဲတိုက်ခိုက်မှုများနဲ့ပတ်သက်လို့ လူ (၁၅) ဦး ဖမ်းဆီးထား

Thai-forensic-police-officers-and-a-member-of-the-Explosive-Ordnance-Disposal

(ဓာတ်ပုံ – အီးပီအေ)

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်မှုများရာ နေရာတွေမှာ ပြီးခဲ့တဲ့အပတ်က ဗုံးခွဲတိုက်ခိုက်မှု များမှာ ပါဝင်ပတ်သက်တဲ့လူ (၁၅) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့က ပြောပါတယ်။

ဖမ်းဆီးထားတဲ့ သံသယရှိသူတွေကို ဘန်ကောက်ရှိ စစ်တပ်အခြေစိုက်စခန်းမှာ ထိန်းသိမ်းထားကြောင်း စစ်ဘက် ထိပ်တန်းဥပဒေရေးရာ အကြံပေးပုဂ္ဂိုလ် Burin Tongprapai က EFE သတင်းဌာနကို ပြောပါတယ်။

လုံခြုံရေးကင်မရာများကနေ ဖမ်းယူထားတဲ့ ဗုံးပေါက်ကွဲတဲ့နေရာမှာ သံသယရှိသူ (၃) ဦးက အထုပ်တစ်ထုပ်ကို လာရောက် ထားရှိတဲ့ ဓာတ်ပုံတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်တဲ့နောက် အခုလို ဖမ်းဆီးနိုင်ဖို့ ဖြစ်လာပါတယ်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၁-၁၂) ရက်နေ့တွေက နာမည်ကျော် အပန်းဖြေမြို့များဖြစ်တဲ့ ဖူးခက်နှင့် ဆူရတ်ဌာနီ အပါအ၀င် နေရာအသီးသီးမှာ ပေါက်ကွဲမှုများ (၁၄) ကြိမ်ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ရာ လူ (၄) ဦးသေဆုံးပြီး နိုင်ငံခြား ခရီးသွားများ အပါအဝင် လူ (၃၅) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့အစည်းက ပတ်သက်တယ်လို့ အခုချိန်ထိ ကြေညာမထားသေးပါဘူး။ အစိုးရဘက်က တော့ နိုင်ငံရေးအရ လှုံ့ဆော်မှုတွေလို့ ပြောပါတယ်။ မှုခင်းဆိုင်ရာ အထောက်အထားရှိနေပေမယ့် ဒါဟာ ထိုင်းနိုင်ငံတောင်ပိုင်းက မွတ်စလင်ခွဲထွက်ရေး လှုပ်ရှားမှုများနဲ့ ပါဝင်ပတ်သက်မှု ရှိတယ်လို့ ထောက်ပြပါတယ်။

လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားခဲ့တဲ့ ၂၀၀၄ ခုနှစ်က ခွဲထွက်ရေး ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းမှာ လူ (၆၅၀၀) ကျော် သေဆုံးခဲ့ကြပါတယ်။

Ref; EFE


Leave a Reply