ပနားမားတူးမြောင်းအတွင်း သင်္ဘောရေစူးများ ကန့်သတ်မှုရုပ်သိမ်းလိုက်ပြီ

ပနားမားတူးမြောင်းအာဏာပိုင် အဖွဲ့သည် တူးမြောင်းအတွင်း ဖြတ် သန်းသွားလာသော သင်္ဘောများ၏ ရေစူးကန့်သတ်မှုကို ပြန်လည်ပယ် ဖျက်လိုက်ပြီဟု ဇွန် ၈ ရက်က သတင်း ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းကန့်သတ်ချက်သည် ဆိုး ရွားသော မိုးခေါင်မှုကြောင့် တူးမြောင်း အတွင်း ရေ၀င်နည်းခဲ့၍ ဧပြီလမှ စတင်ကာ ရေစူးကန့်သတ်ခဲ့ခြင်းဖြစ် သည်။ ယခုအခါ ပုံမှန်မိုးရာသီကျ ရောက်လာပြီဖြစ်၍ တူးမြောင်းအ တွင်း ဖြတ်သန်းသွားလာကြသော သင်္ဘောများ၏ ၀မ်းဗိုက်မှ အနက် ၁၂ ဒသမ ၀၄ မီတာ (၃၉ ဒသမ ၅ ပေ)သို့ ပြန်လည်လွတ်ကင်းလာ ပြီဟု တူးမြောင်းအာဏာပိုင်အဖွဲ့၏ သတင်းထုတ်ပြန်ချက်၌ ပါရှိထား သည်။ တူးမြောင်းအတွင်းသို့ ရေ ၁၅ စင်တီမီတာ (၅ ဒသမ ၉ လက်မ) နှုန်း ဧပြီ ၁၈ ရက်နေ့မှစတင်ကာ ၀င်ရောက်လာခဲ့ပြီဖြစ်သည်ဟု ကြေ ညာချက်တွင် ဖော်ပြထားသည်။

အမေရိကဗဟိုအလယ်ပိုင်း ဒေသများတွင် သုံးနှစ်မျှမိုးခေါင်ခဲ့ ပြီး ယခုနှစ်အယ်လ်နီညိုရာသီဥတု ပိုမိုပူပြင်းသောဖြစ်စဉ်ကြောင့် မိုး ခေါင်မှု ပိုမိုဆိုးရွားခဲ့ရသည်။ ပနား မားတူးမြောင်းဒေသအတွင်းသို့ နေ့ စဉ် ကုန်တင်သင်္ဘော ၃၅ စင်းမှ ၄၀ အထိဖြတ်သန်းလာသွားနေကြပြီး ယင်းသည် ကမ္ဘာ့ပဉ္စမမြောက်အကြီး ဆုံး ရေကြောင်းသွားလာမှုများပြားသော တူးမြောင်းဖြစ်သည်။
Democracytoday


Leave a Reply