ဇွန် ၂၉ ရက်တွင် မြောက်ကိုရီးယားပါလီမန်လွှတ်တော်အစည်းအဝေးကျင်းပမည်ဟုဆို

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ၎င်းင်း၏အာဏာကို ပိုမိုခိုင်မာစေရန်ရည်ရွယ်၍ မြောက်ကိုရီးယား ပါလီမန်လွှတ်တော် အစည်းအဝေးကို ယခုလကုန်တွင် ကျင်းပမည်ဟု KCNA သတင်းက ဇွန် (၉) ရက်တွင် ကြေညာခဲ့သည်။

စတုတ္ထအကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ပြုံယမ်း၌ ဇွန် (၂၉) ရက်တွင် ကျင်းပ မည်ဟု KCNA သတင်းက ပြောသည်။

ယင်းလွှတ်တော်တွင် အဓိကဆွေးနွေးမည့် ကြောင်းအရာကို ထုတ်ဖော်ပြောကြားခြင်းမရှိချေ။ မြောက်ကိုရီးယားပါလီမန် လွှတ်တော်တွင် အစည်းအဝေးကို တစ်နှစ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာ ကျင်းပလေ့ရှိပြီး များသောအားဖြင့် တစ်ရက်ကြာကျင်းပ၍ ဘတ်ဂျက်ခွင့်ပြုခြင်းနှင့် ကွန်မြူနစ်ပါတီ၏ ဆုံးဖြတ်ချက်များကို ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။

ပြီးခဲ့သည့်လတွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်က အလုပ်သမားပါတီညီလာခံကို ၃၅ နှစ် အတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။ ယင်းညီလာခံတွင် ကင်ဂျုံအန်ကို ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခဲ့သည်။

ယခုလကုန်တွင် ကျင်းပမည့် ပါလီမန်အစည်းအဝေးတွင် ၎င်းကို မြောက်ကိုရီးယား အမျိုးသား ကာကွယ်ရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် တရားဝင်အပ်လိမ့်မည်ဟု မြောက်ကိုရီးယားအရေး လေ့လာ နေသော ပါမောက္ခ Yang Moo-Jin ကပြော သည်။

ပြီးခဲ့သည့်မေလတွင် ကျင်းပ ခဲ့သော ပါတီညီလာခံတွင် မြောက်ကိုရီးယားကို နျူကလီးယား အစီအစဉ်နှင့် စီးပွားရေးဖွံ့ဖြိုးမှုကို တစ်ပြိုင်နက်ဆောင်ရွက်မည်ဟု ကြေညာခဲ့ပြီး စွမ်းအင် ထုတ်လုပ်ခြင်းကို အဓိကထား၍ ငါးနှစ်စီးပွားရေးစီမံကိန်းကို ကင်ဂျုံအန်က ချပြခဲ့သည်။

လာမည့်ပါလီမန်အစည်းအဝေးတွင် DPRK အစိုးရ၏ မူဝါဒကို အတည်ပြုပြီး အစိုးရ၏ပေါ်လစီနှင့် အစိုးရအတွင်း ပြောင်းအလဲများ ဖြစ်ပေါ်လိမ့်မည်ဟု Yong Moo-Jin က ပြောသည်။

Democracytoday


Leave a Reply