ပထမဆုံး ကိုယ်ပျောက်တိုက်လေယာဉ်ကို တရုတ်အသုံးပြုတော့မည်

13307389_1714241008816400_6029622815116609191_n(2)

ပေကျင်း ဇွန် ၁

တရုတ်နိုင်ငံသည် ၄င်း၏ ပထမဆုံး ကိုယ်ပျောက်တိုက်လေယာဉ်J-20 ကို စမ်းသပ်မှုများပြုလုပ်နေပြီး ယင်း စစ်လေယာဉ်ကို မကြာခင်အသုံးပြုတော့ မည်ဖြစ် ကြောင်း လေကြောင်းတပ်ဖွဲ့က ပြောသည်။ 

J-20 သည် အမေရိကန်နှင့် စစ်ရေးစွမ်းပကား ကွာဟမှုအတွက် လျော့ကျစေလိမ့်မည်ဟု တရုတ်က မျှော်လင့်နေသည်။ တိုက်တိုက်ဆိုင်ဆိုင် ပင် ပထမအကြိမ် တိုက်လေယာဉ်စမ်းသပ် ပျံသန်းမှုကို ၂ဝ၁၁ ခုနှစ်က ပေကျင်းသို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ် လာရောက်လည်ပတ်စဉ် အတွင်း ပြုလုပ်ခဲ့သည်။ 

J-20 သည် လေ့ကျင့်ရေး ပြုလုပ် စဉ်အတွင်း ပျောက်ကွယ်သွားခဲ့သည် ဟုဆိုသည်မှာ ခိုင်မာမှုမရှိသည့် သတင်းအချက်အလက်ဖြစ်သည်ဟု တရုတ်လေတပ်မှ ဖော်ပြခဲ့ကြောင်း သိရ သည်။  

လက်ရှိအချိန်တွင်J-20 သည် လေတပ်တွင် အသုံးပြုရန် တပ်ဆင်ထား ပြီးဖြစ်ကြောင်း အင်္ဂါနေ့က လေတပ်မှ ပြောသည်။

(ဆင်ဟွာ)


Leave a Reply