လော့စ်အိန်ဂျလိစ် တက္ကသိုလ်တွင် လူ ၂ ဦး အသေပစ်သတ်ခံရ

US-Shooting01

မနက်က လူ ၂ ဦး အသေပစ်သတ်ခံရပါတယ်။

ဒါကြောင့် တက္ကသိုလ် ပရိဝုဏ်တခုလုံးကို ၂ နာရီကြာ ပိတ်ချခဲ့ရပြီး ရာနဲ့ချီတဲ့ ကျောင်းသားတွေ အဆောက်အဦတွေထဲမှာ ပုန်းအောင်းနေခဲ့ရပါတယ်။

ပစ်ခတ်သူဟာ တက္ကသိုလ် ပရိဝုဏ်ထဲမှာပဲ ရှိနေတာ ဖြစ်နိုင်တယ်လို့ တက္ကသိုလ် အရာရှိတွေက ဇွန် ၁ ရက် မနက်က ပြောပါတယ်။

အင်ဂျင်နီယာနဲ့ အသုံးချသိပ္ပံဌာနရဲ့ ဘိုအယ်လ်တာခန်းမမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါပြီ။

တခြားလူတွေ ထိခိုက်ဒဏ်ရာရမှု အတည်ပြုချက် မရှိသေးဘူးလို့ လော့စ်အိန်ဂျလိစ် ရဲဌာန မီဒီယာဆက်ဆံရေးအရာရှိ အန်ဒရူး နေးမန်းက ပြောပါတယ်။

တက္ကသိုလ်ပရိဝုဏ် ပိတ်ထားတာကို ပြန်ဖွင့်ပြီးပေမယ့် ရဲအရာရှိ တချို့ကတော့ ပရိဝုဏ်ထဲမှာ ကင်းလှည့်နေဆဲပါ။

ဖမ်းထားတဲ့လူ ၂ ဦးထဲက တဦးဟာ သေနတ်နဲ့ပစ်သူလို့ ရဲတွေက ယုံကြည်ကြပါတယ်။

တက္ကသိုလ်အတန်းတွေကို ဇွန် ၁ ရက် မွန်းလွဲပိုင်းက ဖျက်သိမ်းလိုက်ပေမယ့် ဇွန် ၂ ရက်မှာ ပြန်စဖွင့်မယ်လို့ တက္ကသိုလ်ရဲ့ ဒု-အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းအုပ်ကြီး စကော့ဝါးက ပြောပါတယ်။

ပစ်ခတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ လော့စ်အိန်ဂျလိစ် ရဲဌာနကို ဗျူဟာမြောက် တပ်လှန့်ထားတယ်လို့ ရဲအစီရင်ခံစာ တွေက ဆိုပါတယ်။

အနားက ဝါနာ မူလတန်းကျောင်းကိုပါ ဘေးကင်းရေး သတိထားတဲ့အနေနဲ့ ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

(ရိုက်တာ)


Leave a Reply