ရုရှားနိုင်ငံမှာ ကျင်းပတဲ့ Russian Grand Prix ဖော်မြူလာဝမ်းပြိုင်ပွဲမှာ နီကိုရော့စ်ဘတ် ဗိုလ်စွဲ

13131304_1019039944818557_8259433772439899117_o

ရုရှားနိုင်ငံ ဆိုချီမှာကျင်းပတဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ မာစေးဒီးစ်အသင်းရဲ့ ဂျာမန်ကား မောင်းသမား နီကိုရော့စ်ဘတ် အနိုင်ရခဲ့ပါတယ်။

ဒါဟာ ရော့စ်ဘတ်တွက် ၂၀၁၆ခုနှစ်အတွင်းမှာ ကျင်းပတဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲ ၄ရပ်စလုံးကိုအနိုင်ရခဲ့တာဖြစ်ပါတယ်။ ရော့စ်ဘတ်ရဲ့ အသင်းဖော် လူးဝစ် ဟာမီလ်တန်ကတော့ အဆင့် ၁၀နေရာက တာထွက်ခွင့်ရခဲ့ပေမယ့် ဒုတိယနေရာကနေ ပန်းဝင်နိုင်ခဲ့ပါတယ်။ ဖာရာရီအသင်းရဲ့ကီမီရိုင်ကွန်နန်ကတော့ အကောင်းဆုံး မောင်းနှင်ခဲ့ပြီး အဆင့် ၃ နေရာ ရခဲ့ပါတယ်။

Russian Grand Prix ရဲ့ အစ ပထမအပတ်မှာဘဲ ဖာရာရီက ဗက်တဲလ်ရဲ့ ကားကို ရက်ဘူးလ်အသင်းက ဒန်နီကီယက်နဲ့ နှစ်ကြိမ်တိုင် တိုက်မိခဲ့လို့ စောစေားစီး စီးပြိုင်ပွဲက နားခဲ့ရပါတယ်။

ဒီပွဲအနိုင်တဲ့ ရော့စ်ဘတ်ဟာ မနှစ်က ဖောက်မြူလာဝမ်းရာသီပိတ်ခါနီး ၃ပွဲနဲ့ ဒီနှစ်ရာသီ ၄ပွဲအနိုင်ရခဲ့လို့ ဆက်တိုက် ၇ပွဲအနိုင်ရတဲ့ စံချိန်တစ်ရပ်တင်နိုင်ခဲ့ပါတယ်။

ဒါကြောင့် နီကိုရော့စ်ဘတ်ဟာ အမှတ်ပေးချန်ပီယံဇယားမှာ ထိပ်ဆုံးကနေ ရမှတ် ၁၀၀ရနေပြီး ဒုတိယနေရာက ဟာမီလ်တန်ကို ၄၃ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။

-Ref; BBC


Leave a Reply