ဝင်ငွေအကောင်းဆုံးအင်္ဂလန် ကစားသမားဖြစ်လာတော့မယ့် စတာလင်

ဘောလုံးသမားတွေထဲမှာ စီရော်နယ်ဒို၊မက်ဆီ တို့လို ကစားသမားတွေဟာ သူတို့ရဲ့ကျော်ကြားမူနဲ့ ခြေစွမ်း ကြောင့် စီးပွားရေးကုမ္ပဏီကြီးတွေရဲ့ စပွန်ဆာရရှိလေ့ရှိပြီး ၀င်ငွေအများဆုံး ဘောလုံးသမားစာရင်းမှာ ထိပ်ဆုံးမှာ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မန်စီးတီးအသင်းမှာ ခြေစွမ်း ပြသနေတဲ့ အင်္ဂလန် တောင်ပံ ကစားသမား စတာလင်ဟာလည်း ကွင်းတွင်းမှာ ခြေစွမ်းပြသ နိုင်မူနဲ့ အတူ ပရိသတ်တွေရဲ့ နူတ်ဖျားမှာ ရေပန်းစားလာခဲ့ပြီး ပေါင်သန်း၁၀၀ တန်ကြေးရှိ စပွန်ဆာ တစ်ခုရဖို့ ရှိနေတာဖြစ်ပါတယ်။

စတာလင်ဟာ လက်ရှိအချိန်မှာလည်း Nike အားကစားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီနဲ့ စပွန်ဆာ စာချုပ် ချုပ်ဆိုထားပြီး Nike က ထုတ်လုပ်တဲ့ ဘောလုံးကန်ဖိနပ်တွေကိုပဲ စီးပြီး ကစားနေတာ ဖြစ် ပါတယ်။ စတာလင်အနေနဲ့ Nike နဲ့ တစ်နှစ်စာချုပ်သက်တမ်းသာကျန်ရှိတော့တာကြောင့် Air Jordan အမှတ်တံဆိပ် ဘောလုံးကန်ဖိနပ်ကုမ္ပဏီက ကမ်းလှမ်းဖို့ရှိနေတာဖြစ်ပါတယ်။

NBA ဘက်စကတ်ဘော ကစားသမားတွေကို အများဆုံး စပွန်ဆာပေးထားတဲ့ Air Jordan အမှတ်တံဆိပ်ဟာ Nike နဲ့ ပူးပေါင်းပြီး သီးသန့်ဘောကန်ဖိနပ် တချို့ ထုတ်လုပ်ခဲ့ဖူးပေ မယ့် ဈေးကွက်အတွင်းမှာတော့ ဝေစုသိပ်မရခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စတာလင်ကို Air Jordan ဖိနပ်စပွန်ဆာပေးပြီး ဈေးကွက် ထဲကို ထိုဖောက်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အမေရိကန်ဘတ်စကတ် ဘောသမားကြီး မိုက်ကယ်ဂျော်ဒန်အတွက် စတင်ထုတ်လုပ်ရာကနေ အမှတ်တံဆိပ် တစ်ခု ဖြစ်လာတဲ့ Air Jordan ဟာ စတာလင်အတွက် ပေါင်သန်း၁၀၀တန်ကြေး ရှိ စပွန်ဆာစာချုပ် ချုပ်ဆိုဖို့ ရှိနေပါတယ်။

ဒါကြောင့် စတာလင်အနေနဲ့ အင်္ဂလန်ကစားသမားတွေထဲမှာ ၀င်ငွေအများဆုံး ကစားသမားဖြစ်လာဖို့ ရှိနေတာဖြစ်ပါတယ်။ စတာလင်ဟာ FIFA ဘောလုံး ဂိမ်းပစ္စည်းတွေထုတ်လုပ်တဲ့ မိုက်ခရိုဆော့နဲ့လည်း စပွန်ဆာရရှိထားပြီး၊ဖက်ရှင် အမှတ်တံဆိပ်တစ်ခု ဖြစ်တဲ့ H&M ကလည်း စပွန်ဆာပေးဖို့ ကမ်းလှမ်းမှာဖြစ်တယ်လို့သိရပါတယ်။

Sports Reader