ဘရားဇီး အိုလံပစ်ပြိုင်ပွဲတွင် မြန်မာကစားသမား ၇ ဦး ပါဝင်ယှဉ်ပြိုင်မည်

13882530_10154440639054216_8382588425960362824_n

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာ ဒီလကျင်းပမယ့် ၂၀၁၆ ကမ္ဘာ့ အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက သေနတ်ပစ်၊ မြားပစ်၊ ဂျူဒို၊ ရေကူးနဲ့ ပြေးခုန်ပစ် အားကစားနည်း ၅ မျိုးမှာ အားကစားသမား ၇ ဦး ပါဝင် ယှဉ်ပြိုင်မယ်လို့ သတင်းစာတွေမှာ ဖော်ပြပါတယ်။

ရဲထွန်းနောင်က သေနတ်ပစ် အမျိုးသား ၁၀ မီတာ Air Pistol နဲ့ ငါးမီတာ Free Pistol ပြိုင်ပွဲ၊ မြားပစ်မှာ စန်းယုထွေးက (Recurve) ပြိုင်ပွဲ၊ ရန်နောင်စိုးက ဂျူဒို (-၁၀၀ Kg) တန်း ပြိုင်ပွဲ၊ ရေကူးမှာ အိအိသက်က အမျိုးသမီး မီတာ 50 Free Style နဲ့ သင်မြတ်က အမျိုးသားမီတာ 100 Butterfly ပြိုင်ပွဲ၊ ၊ ပြေးခုန်ပစ်မှာ စန်းနိုင်ကအမျိုးသား မီတာ ၅၀၀၀ နဲ့ ဆွေလီမြင့်က အမျိုးသမီး မီတာ ၈၀၀ ပြိုင်ပွဲတွေမှာ အသီးသီး ယှဉ်ပြိုင်ကြမှာပါ။

ဩဂုတ် ၅ ရက်မှ ၂၁ ရက်အထိ ကျင်းပမယ့် ၂၀၁၆ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနဲ့ အာဆီယံ ဒေသတွင်း နိုင်ငံတွေအပါအ၀င် ကမ္ဘာ့ နိုင်ငံပေါင်း ၂၀၀ ကျော်က အားကစားသမား ၁ သောင်းလောက် ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

(DVB)


Leave a Reply