ဖဒိုမြို့ ကရင်နှစ်ကူးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပေးပို့သော သဝဏ်လွှာဖတ်ကြား

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် ဖဒိုမြို့တွင် ယမန်နေ့ နံနက် ၆ နာရီက (၅၃)ကြိမ်မြောက် ကရင်နှစ်သစ် ကူးပွဲတော်အား ကျင်းပရာ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သိ ရသည်။

အဆိုပါသဝဏ်လွှာတွင် ပါတီ၏ အမည်ကပင်လျှင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဖြစ်ပါသည်။ ပါဝင် ဖွဲ့စည်းထားသည်ကလည်း ပြည်ထောင်စု ဖွား တိုင်းရင်းသားများ စုံလင်စွာ၊ စည်း လုံးညီညွတ်စွာ၊ ချစ်ကြည်စွာ လက်တွဲ ပါဝင်လျက်ရှိကြပါသည်။ ပါတီဆောင် ပုဒ်က ‘စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး’ဟူ၍ ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုးတစ်မျိုး၏အရေးသည် ပါတီအရေး၊ ပြည်ထောင်စုအရေးဟူ၍ အစဉ်တစိုက် ခံယူပါသည်။ ထို့ကြောင့် ကရင်နှစ်သစ်ကူး၏ ထူးခြားသော၊ လေး နက်သော အချင်းအရာများ၊ ကောင်းကျိုး မင်္ဂလာများသည် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတဝှမ်းလုံး လွှမ်းခြုံ သက်ရောက်စေသည်ဟု ယုံကြည်ပါ သည်။ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်ဝသော နှစ်သစ်၏အစမှသည် ကရင် တိုင်းရင်းသားများအပါအဝင်ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်ကြီး ကမ္ဘာ တည်သ၍ တည်တံ့တိုးတက်ကြီးပွားပါ စေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ် ပါသည်ဟု ပါရှိသည်။
အခမ်းအနားသို့ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတော်သမ္မတရုံးပြည်ထောင်စု ဝန်ကြီး(ငြိမ်း)ဦးအောင်မင်းနှင့်မြို့ နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံ ရေးပါတီများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး အစီအစဉ်အရ မြန်မာနိုင်ငံတော်အလံနှင့်ကရင် အမျိုးသားအထိမ်းအမှတ်အလံ တော်အား လွှင့်တင်ခဲ့ပြီး နောက် အသက် ၇၅နှစ်အထက် ဘိုးဘွား များအားနှစ် သစ်ကူးကန်တော့ခဲ့ပြီး နောက်ပွဲတော်ကျင်းပရေး ကော် မတီဥက္ကဋ္ဌက အမှာစကားပြောကြား ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး တိုင်းရင်း သားရေးရာဝန်ကြီးက အမှာစကား ပြောကြားခဲ့ပြီး အစီအစဉ်များ အတိုင်း ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး(ငြိမ်း)မှ နှစ်သစ်ကူးကျင်းပရေးကော်မတီ အားနှစ်စဉ် လှူဒါန်းလျက်ရှိသော အလှူငွေကျပ်သိန်း၂ဝအား ပေးအပ်လှူဒါန်းခဲ့ပြီး နောက်အစီ အစဉ်များအတိုင်းကျင်းပခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဗဟို ဥက္ကဋ္ဌ ဦးသန်းဌေးမှပေးပို့လာသော ကရင်နှစ်သစ်ကူးသဝဏ်လွှာအား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော် ဆန်းဦးက ဖတ်ကြားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားခဲ့ပြီး နောက်ဒေသခံများမှ ဖဒိုမြို့အား တည်ထောင်သူအဘဘိုးပိုက်ဆံ၏ မှတ်တမ်းဓာတ်ပုံအား မြို့တွင်း သို့စည်းကားစွာလှည့်လည်ခဲ့ ကြောင်း သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)