တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်တက်ရောက်

 

ရန်ကုန် ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှ နေပြည်တော်တွင် ကျင်းပခဲ့သည့် လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို တာမွေမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်းက ကျင်းပသည်။

အခမ်းအနား၌ နိုင်ငံတော်အလံအားအလေးပြုပြီး နိုင်ငံတော် သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်ဒေါ်လဲ့လဲ့ဝင်းဆွေက အဖွင့် အမှာ စကားပြောကြားရာ ယနေ့ လူငယ်ညီလာခံသို့သွားရောက်ခဲ့သည့် အတွေ့အကြုံကို မြို့နယ်အတွင်းရှိ လူငယ်များသိရှိစေရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြား သည်။

ဆက်လက်ပြီး လူငယ်တာဝန်ခံဦးအောင်သက်ဟန်က ရှင်း လင်းပြောကြားရာ၌ ပါတီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ၊ နေပြည်တော်တွင် တွေ့ကြုံလာရမှုများကို ပြန်လည်ရှင်းလင်းပြော ကြားသည်။ ထို့နောက် တက်ရောက်လာကြသောလူငယ်များက သိရှိ လိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ကြသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်ဒေါ်လဲ့လဲ့ ဝင်းဆွေနှင့် တာမွေမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ မြို့နယ်လူငယ်တာဝန်ခံနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်များမှ ပါတီ ဥက္ကဋ္ဌများနှင့် ပါတီမှတာဝန်ရှိသူများ၊ ပါတီဝင်လူငယ်များ တက် ရောက်ကြသည်။

ဇော်ထွန်း