ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္း​ေဒသႀကီးအတြင္းရွိ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးအသင္းသားမ်ား၊ ပါတီဝင္ေဟာင္းမ်ား၊ ဗ.ပ.ဆ သင္တန္းဆင္းမ်ား၊ ျပင္ပလူငယ္မ်ားႏွင့္ ေတြ႕ဆုံ

နိုဝင္ဘာ ၁၂၊ မႏၲေလး
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ပါတီဗဟိုအလုပ္အမႈေဆာင္ မႏၲေလးတိုင္းေဒသႀကီး ေပါင္းစပ္ညႇိႏွိုင္းေရးမႉး ေဒါက္တာေမာင္သင္းႏွင့္အတူ ၂၀၂၃ ခုႏွစ္ နိုဝင္ဘာလ ၁၁ ရက္ေန႔ ေန႔လည္ ၂ နာရီအခ်ိန္တြင္ မႏၲေလးတိုင္းေဒသႀကီး ပါတီ႐ုံးခန္းမ၌ ျပဳလုပ္သည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးအသင္းဝင္မ်ား၊ ပါတီဝင္ေဟာင္းမ်ား၊ ဗ.ပ.ဆ သင္တန္းဆင္းမ်ား၊ ပါတီဝန္းရံသူမ်ား၊ ျပင္ပလူငယ္မ်ား စုစုေပါင္းအင္အား (၄၀၀)ခန္႔ႏွင့္ ေတြ႕ဆုံပြဲသို႔ တက္ေရာက္ခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ ပါတီဥကၠ႒ ဦးခင္ရီက တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ၿပီး အဖြင့္အမွာစကားေျပာၾကားရာ ” ယခုေတြ႕ဆုံပြဲသို႔ အင္ျပည့္အားျပည့္ တက္ေရာက္လာသည့္အတြက္ ဝမ္းသာပါေၾကာင္း၊ မိမိတို႔ပါတီသည္ သမိုင္းေၾကာင္းအစဥ္အလာေကာင္းမြန္စြာျဖင့္ ေပၚေပါက္လာခဲ့သည့္ ပါတီျဖစ္ေၾကာင္း၊ လူငယ္မ်ိဳးဆက္သစ္မ်ားကို လက္ဆင့္ကမ္းေခၚ​ေဆာင္ၿပီး ေခါင္းေဆာင္မႈအတတ္ပညာႏွင့္အတူ အစိမ္းေရာင္စီမခ်က္ေရးဆြဲထားရွိၿပီး လူငယ္မ်ား၏ အခန္းက႑ကို တိုးတက္ဖြံ့ၿဖိဳးေအာင္ ေဆာင္ရြက္လ်က္ရွိပါေၾကာင္း” ႏွင့္ လက္ရွိေဆာင္ရြက္ေနသည့္ ျပည့္မ႑ိဳင္ေဖာင္ေဒးရွင္း၊ အခ်ိန္ကာလသတ္မွတ္၍ ေဆာင္ရြက္ေနသည့္ ရက္ ၉၀ စီမံခ်က္ပါ ကိစၥရပ္မ်ားအား အက်ယ္တဝံ့ရွင္းလင္းေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ တက္ေရာက္လာၾကသူမ်ားက ပါတီ၏လုပ္ငန္းစဥ္မ်ား၊ နိုင္ငံေရးအေျခအေနသတင္းအမွန္မ်ား၊ ရင္ဆိုင္ၾကဳံေတြ႕ေနရသည့္အခက္အခဲမ်ား၊ ပူးေပါင္းေဆာင္ရြက္မႈအေနအထားမ်ား၊ လူငယ္မ်ားအေနျဖင့္ နိုင္ငံေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္ရြက္နိုင္မႈ အေျခအေနႏွင့္ ၎တို႔သိရွိလိုသည့္အခ်က္မ်ားအား ေမးျမန္းၾကရာ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္သင္းတို႔ ျပန္လည္ရွင္းလင္းေျဖၾကားခဲ့ၿပီး ေတြ႕ဆုံပြဲကို ညေန ၄ နာရီ ၃၀ မိနစ္အခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ပါသည္။
ေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုၾက့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ပါတီဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္သင္း၊ မႏၲေလးတိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးေအာင္ေက်ာ္မိုးႏွင့္ တိုင္း၊ ခရိုင္၊ ၿမိဳ႕နယ္အသီးသီးမွ ပါတီတာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။

=====================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်း​ဒေသကြီးအတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းသားများ၊ ပါတီဝင်ဟောင်းများ၊ ဗ.ပ.ဆ သင်တန်းဆင်းများ၊ ပြင်ပလူငယ်များနှင့် တွေ့ဆုံ

နိုဝင်ဘာ ၁၂၊ မန္တလေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါက်တာမောင်သင်းနှင့်အတူ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်းမ၌ ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင်များ၊ ပါတီဝင်ဟောင်းများ၊ ဗ.ပ.ဆ သင်တန်းဆင်းများ၊ ပါတီဝန်းရံသူများ၊ ပြင်ပလူငယ်များ စုစုပေါင်းအင်အား (၄၀၀)ခန့်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အဖွင့်အမှာစကားပြောကြားရာ ” ယခုတွေ့ဆုံပွဲသို့ အင်ပြည့်အားပြည့် တက်ရောက်လာသည့်အတွက် ဝမ်းသာပါကြောင်း၊ မိမိတို့ပါတီသည် သမိုင်းကြောင်းအစဥ်အလာကောင်းမွန်စွာဖြင့် ပေါ်ပေါက်လာခဲ့သည့် ပါတီဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းခေါ်​ဆောင်ပြီး ခေါင်းဆောင်မှုအတတ်ပညာနှင့်အတူ အစိမ်းရောင်စီမချက်ရေးဆွဲထားရှိပြီး လူငယ်များ၏ အခန်းကဏ္ဍကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိပါကြောင်း” နှင့် လက်ရှိဆောင်ရွက်နေသည့် ပြည့်မဏ္ဍိုင်ဖောင်ဒေးရှင်း၊ အချိန်ကာလသတ်မှတ်၍ ဆောင်ရွက်နေသည့် ရက် ၉၀ စီမံချက်ပါ ကိစ္စရပ်များအား အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသူများက ပါတီ၏လုပ်ငန်းစဥ်များ၊ နိုင်ငံရေးအခြေအနေသတင်းအမှန်များ၊ ရင်ဆိုင်ကြုံတွေ့နေရသည့်အခက်အခဲများ၊ ပူးပေါင်းဆောင်ရွက်မှုအနေအထားများ၊ လူငယ်များအနေဖြင့် နိုင်ငံရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ၎င်းတို့သိရှိလိုသည့်အချက်များအား မေးမြန်းကြရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းတို့ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး တွေ့ဆုံပွဲကို ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အသီးသီးမှ ပါတီတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။