မရမ်းကုန်းတွင် ပါတီအဆင့်ဆင့်ပြန်လည်စိစစ်ရွေးချယ်

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပါတီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲကို ဇွန်လ (၂၄) ရက် နံနက် (၈) နာရီက မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ မြို့တော်ဆေးရုံ ခန်းမဆောင် ၌ ကျင်းပခဲ့သည်။

19359915-25062016

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီပြင်ဆင်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဒေါက်တာပွင့်ဆန်း (ရန်ကုန်တိုင်းဒေသကြီး ပါတီနာယက)၊ ဒေါက်တာ နေလင်း (မြို့တော်ဆေးရုံ တာဝန်ခံ)၊ ဦးတင်ဝင်း (ရန်ကုန်တိုင်းကော်မတီဝင်၊ မြို့နယ်ပါတီ ပြန်လည်ပြင်ဆင်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ) နှင့် ဒေါ်သင်းသင်းမိုး (ရန်ကုန်တိုင်းကော်မတီဝင်)၊ ဦးနေဝင်း (အနောက်ပိုင်းခရိုင် အတွင်းရေးမှူး)နှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ တက်ရောက်သည်။

အခမ်းအနားကို ပထမ၊ ဒုတိယနှစ်ပိုင်းခွဲ၍ ကျင်းပရာ တိုင်းဒေသကြီး ပါတီပြင်ဆင်ရွေးချယ် ရေးဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက အဖွင့်မိန့်ခွန်းပြောကြားရာ၌ တက်ရောက်လာသူများကို (၃၈)ဖြာ မင်္ဂလာနှင့်အညီ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း၊ လူငယ်များသည် ပါတီယန္တရား များဖြစ်ကြောင်း၊ ယခုရွေးချယ်ခံရသော မြို့နယ်ကော်မတီဝင်များကို ဂုဏ်ယူကြောင်း ပြောကြားသည်။

ထို့နောက် စာတမ်းများဖတ်ကြားခဲ့ပြီး ဒုတိယပိုင်းတွင် မြို့နယ်ပါတီ ပြင်ဆင် ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ပါတီကော်မတီ ရွေးချယ်ခြင်းဆိုင်ရာ စည်းကမ်း သတ်မှတ် ချက်များကိုရှင်းလင်းရာ အမှန်တကယ် ပါတီ၏အကျိုး၊ ပါတီအား စေတနာမှန်မှန်နှင့် ပါတီ တွင် စွမ်းအားရှိရှိ ပုဂ္ဂိုလ်များကိုမဲပေးရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် မရမ်းကုန်းမြို့နယ် (၁ဝ) ရပ်ကွက်မှ မဲပေးသူ (၅၂) ဦးက မဲပုံးအတွင်း မဲပေး ရွေးချယ်သည်။

မဲပေးရွေးချယ်ခံရသူ မြို့နယ် ကော်မတီဝင် ခုနစ်ဦးမှာ ဦးလွင်မောင်၊ ဒေါ်အိအိလှိုင်၊ ဦးသီဟ၊ ဒေါ်နီလာအောင်၊ ဦးကြည်ဝင်း၊ ဦးဝင်းနိုင်၊ ဦးလှသိန်းတို့ဖြစ်ပြီး မြို့နယ် ရွေးကောက်ခံ ပုဂ္ဂိုလ်လေးဦးမှာ ဦးပွင့်ဆန်း၊ ဦးထူးမြတ်၊ ဦးအောင်မင်းဦးနှင့် ဦးမင်းသိန်းထွန်း တို့ ဖြစ်ကြောင်း သိရသည်။

ဖိုးချို(ယူနီယံ)


Leave a Reply