နတ်စင်တစ်ရာနယ်လှည့်သစ္စာအဓိဋ္ဌာန်စတုဒိသာအဖွဲ့ ၁ဝ၆ကြိမ်မြောက် စတုဒိသာအလှူတော်အောင်ပွဲရေစက်ချအလှူတော်ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့် ပြည်ခိုင်ဖြိုးပါတီဝင် များသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ဆံတော်ရှင် အတုလအောင်ဇေယျုံ (ဦးဘိုးလှ) စေတီတော်ရင်ပြင်ပေါ် တွင်ပြုလုပ်သည့် နတ်စင်တစ်ရာ နယ်လှည့် သစ္စာအဓိဋ္ဌာန်စတုဒိသာ အဖွဲ့၏ ၁ဝ၆ကြိမ်မြောက် စတု ဒိသာအလှူတော်အောင်ပွဲရေစက်ချ အလှူတော်အခမ်းအနားသို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် သန်လျင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ငါးပါးသီလခံ ယူဆောက်တည်ကာ မေတ္တသုတ်ပရိတ်တရားတော် ကို နာယူကြည်ညိုကာ အလှူရှင်ဦးဌေးဦးနှင့် အလှူ့ဒါယကာ၊ ဒါယိကာမများက သံဃာတော်များ အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။ ထို့နောက် သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသဟောကြားသည့် အနုမောဒနာ တရားကိုနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး သီရိမင်္ဂလာဆရာတော်ဦးအာဒိစ္စအမှူးပြုသော သံဃာ တော်များအား အလှူရှင်ဦးဌေးဦးနှင့်တက်ရောက်လာ သည့် အလှူရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။ ၄င်းနောက် ညနေပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုနာယက ဦးဌေးဦးသည် စေတီတော်ရင်ပြင်ပေါ်၌ စတုဒိသာ ကျွေးမွေးနေမှုများကို လှည့်လည်အားပေးကြည့်ရှုခဲ့ ကြောင်း သိရသည်။

နတ်စင်တစ်ရာဆရာတော် ဦးပညာတေဇ ဦးဆောင်သည့် နယ်လှည့်အဓိဋ္ဌာန်စတုဒိသာအဖွဲ့၏ (၁ဝ၆)ကြိမ်မြောက် စတုဒိသာအလှူတော်အောင်ပွဲ အထိမ်းအမှတ်တရားပွဲကိုလည်း ဆံတော်ရှင်အတုလ အောင်ဇေယျုံဆုတောင်းပြည့်(ဦးဘိုးလှ) စေတီ တော်ရင်ပြင်တော်ပေါ်တွင် သုံးညကျင်းပမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါတရားပွဲ၌ ယမန်နေ့ တွင် သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္တိမာ ဘိဝံသ၊ ယနေ့တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသနှင့် ယခုလ ၃ဝ ရက်တွင် ပွင့်လင်း ဆရာတော်အရှင်ပညိန္ဒတို့မှ ညစဉ် ၇ နာရီခွဲတွင် တရားရေအေးအမြိုက်ဆေးကို အသီးသီးဟောကြား ကြမည်ဖြစ်ကြောင်း သိရသည်။

Union daily