ရန်ကုန်(အရှေ့ပိုင်း)ခရိုင်ပါတီနှင့်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပါတီဝင်များတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်(အရှေ့ပိုင်း) ခရိုင် စည်းရုံးရေးနယ်မြေအတွင်း ရှိ ရပ်ကွက်နှင့်ကျေးရွာများမှပါတီ ဝင်များအား ခရိုင်ပါတီကော်မတီ နှင့် မြို့နယ်ပါတီကော်မတီတို့မှ ရက်သတ္တတစ်ပတ်လျှင် တစ်ရက် တွေ့ဆုံကြောင်း သိရသည်။ ယနေ့ နံနက်၉နာရီတွင် ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် ပါတီဝင်များနှင့် မြို့ နယ်ပါတီရုံးအစည်းအဝေးခန်းမ ဆောင်၌တွေ့ဆုံကြရာပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီ ဗဟိုကော်မတီဝင် ဦးတင်အောင်၊ ပါတီအရန်ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ရန်ကုန်(အရှေ့ပိုင်း) ခရိုင်အတွင်းရေးမှူး ဒေါက်တာ ကျော်စိုး၊ ဘဏ္ဍာရေးမှူး(နယ်မြေ တာဝန်ခံ)ဒေါ်အေးအေးမြင့်၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေလင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့်မြို့နယ်ကော်မတီဝင် များ၊ရပ်/ကျေးများမှပါတီဝင်များစုစု ပေါင်း၅၅ဦးတက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပါတီ ဗဟိုကော်မတီဝင် ဦးတင်အောင်က ပါတီ၏ရည်ရွယ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ကြားဖြတ်ရွေးကောက် ပွဲအောင်နိုင်ရေးလိုအပ်သည်များ ကိုဆွေးနွေးသည်။
ပါတီအရန်ဗဟိုကော်မတီဝင် များဖြစ်ကြသည့် ရန်ကုန်(အရှေ့ ပိုင်း)ခရိုင် အတွင်းရေးမှူး ဒေါက် တာကျော်စိုးနှင့်ဘဏ္ဍာရေးမှူး(နယ် မြေတာဝန်ခံ)ဒေါ်အေးအေးမြင့်တို့က ရှင်းလင်းဆွေးနွေးပေးကြသည်။
ဆက်လက်၍ မြို့နယ်ပါတီ အတွင်းရေးမှူးဦးလှမျိုးက မိမိမြို့ နယ်အတွင်းပါတီဝင်စည်းရုံးဆောင် ရွက်နေမှုနှင့် ပါတီဝင်အင်အားများ ကွင်းဆင်းစိစစ်ဆောင်ရွက်နေမှုလုပ် ငန်းအခြေအနေများ၊ ၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင် ရေးအတွက် စီမံဆောင်ရွက်နေမှု များကို တင်ပြဆွေးနွေးသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်လာကြသည့် ရပ် ကွက်နှင့်ကျေးရွာပါတီဝင်များက ၄င်းတို့နယ်မြေအလိုက် ပြည်သူနှင့် ထိတွေ့ဆောင်ရွက်ချက်များကိုတင်ပြ ဆွေးနွေးကြပြီး ပါတီတာဝန်ရှိသူ များက လိုအပ်သည်များဖြည့်စွက် ရှင်းလင်းဆွေးနွေးကြပြီး တွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားကို ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လှမျိုး(ဒဂုံအရှေ့)