ဗိုလ်တထောင် ခရိုင် ပြည်ခိုင်ဖြိုးပါတီ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

တောင်ညွန့်။ ။နိုဝင်ဘာ(၂)

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှကြီးမှုး ၍ ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မဂ်လာတောင်ညွန့်မြို့နယ် ၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်ရှိ ပါတီဝင်မိသားစုများ၏ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့ နံနက်(၁၀·:၀၀)နာရီ က မဂ်လာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ ဒေဝသါဂရသိမ်ကုန်းကျောင်းတိုက် တွင်ကျင်းပခဲ့ကြပါသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ် ရွက်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး သိမ်ကုန်းကျောင်းတိုက်ဆရာတော် ဦးပညာဗလ မှ ကထိန်သက်န်းလှုဒါန်း.ရခြင်း၏ အကျိုးကျေးဇူးကို ပြောကြား၍ သီလပေးတရားဟောကြားခဲ့ ပါသည်။ ထို့နောက် ခရိုင်ပါတီဥက္ကဌ ဦးညဏ်ဝင်းထိုက်နှင့် တာဝန်ရှိသူများက သံယာတော်များအား ကထိန်လျာ သက်န်းနှင့် လှုဖွယ်ပစွည်းများဆပ်ကပ်လှုဒါန်းကြပါပြီးနောက် ဆရာတော်သံယာတော်များအား နေ့ဆွမ်းဆပ်ကပ် လှုဒါန်းခဲ့ကြပါသည်။

အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ အရန်ဗဟိုကော်မတီဝင် ဗိုလ်တထောင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးညဏ်ဝင်းထိုက်နှင့် ဗိုလ်တထောင် ခရိုင်အတွင်းရှိ (၅)မြို့နယ်မှ ပါတီခေါင်းဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။