ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်ပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားကျင်းပခြင်း၊ ပါတီရုံးခန်းဖွင့်ပွဲနှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခြင်း

ရန်ကုန်၊နိုဝင်ဘာ၊ ၂ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား၊ခရိုင်ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ပါတီ‌ရှေ့လုပ်ငန်းစဉ်များ‌ဆွေးနွေးခြင်းကို(၂၊၁၁၊၂၀၂၂) ရက် နံနက် (၁၀) နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဒေါ်သင်းသင်းမိုးနှင့်ဦးနေဝင်း ကမာရွတ်ခရိုင် ဥက္ကဌ ဒေါ်သီသီမွန်၊ ကမာရွတ်ခရိုင် အတွင်းရေးမှူး ဦရန်နိုင်သန်း၊ ခရိုင်ဘဏ္ဌာရေမှူး ဦးဗိုလ်စော နှင့်ခရိုင်ပါတီ ကော်မတီဝင်များ၊ ကမာရွတ်မြိုနယ်နှင့် ဗဟန်းမြို့နယ်တို့မှ ပါတီကော်မတီဝင်များ၊ နှစ်မြို့နယ်မှရပ်ကွက်ပါတီ ဥက္ကဌနှင့် အတွင်းရေးမှူးများ ပါတီဝင်များ တက်ရောက်အားပေးခဲ့ပြီး ခရိုင်ပါတီဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းကာဖွင့်လှစ်ပေးခဲပါသည်၊

ဆက်လက်ပြီး တက်ရောက်လာသူများအား တိုင်ပါတီကော်မတီဝင် နယ်မြေတာဝန်ခံများဖြစ်ကြသော ဒေါ်သင်းသင်းမိုးနှင့် ဦးနေဝင်းတို့မှ ပါတီညီလာခံမှချမှတ်လိုက်သောရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကမာရွတ်ခရိုင်ဥက္ကဌ ဒေါသီသီမွန်မှ ခရိုင်ပါတီအောင်နိုင်ရေးနှင့် ပါတီဗဟို ဥက္ကဌကြီး၏ လမ်းညွှန်မှာကြားချက်များ ကို ရှင်းလင်းတင်ပြခဲပြီးအခမ်းအနားကို နေ့လည်(၁၂.၃၀ )နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။