ဗဟိုဦးဆောင်ကော်မတီဝင်ဦးဌေးဦး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် နိုဝင်ဘာ (၈) ရက် နံနက် ၁၁ နာရီက ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ် အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဋ္ဌ ဦးညွန့်ဦး နှင့် အလုပ်အမှုဆောင်များနှင့်အတူ ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက် အောင်ချမ်းသာပရိယတ္တိ စာသင်တိုက်သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် ဦးပဥာန္ဒအား လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့သည်။

14938350_676886469147534_8481143041492043470_n

ထို့နောက် ဗဟိုဦးဆောင်ကော်မတီဝင်နှင့် အဖွဲ့သည် ဂေါပကအဖွဲ့နှင့်တွေ့ဆုံ၍ ကျောင်းကထိန်အတွက် အလှူငွေ များ ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။


Leave a Reply