ပေါင်းတည်မြို့နယ်ပါတီ (လပါတ်) ပုံမှန်အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (လပါတ်) ပုံမှန်အစည်းအဝေးကို နိုဝင်ညာ (၉) ရက် နံနက် (၉) နာရီအချိန်က ပေါင်းတည်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်ထားထားနု၊ ပြည်ခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်နိုင်ဦး၊  အတွင်းရေးမှူး ဦးမျိုးမင်းဇော် နှင့် ပါတီကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။

paung-te1

နေ့လည်ပိုင်းတွင် အမျိုးသမီးရေးရာကဏ္ဍဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသမီးရေးရာ ကဏ္ဍများနှင့် ပါတ်သက်၍ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ခေါင်းဆောင် ဒေါ်ထားထားနုမှ အမျိုးသမီးများ၏ အခြေခံသဘောတရားများအား ရှင်းလင်းဆွေးနွေး မှာကြားပြီး ပေါင်းတည်မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ အမှုဆောင် ဒေါ်လဲ့လဲ့ညွှန့်မှ အမျိုးသမီးရေးရာကဏ္ဍ၏ လုပ်ငန်းတာဝန် ဆောင်ရွက်ချက်များ၊ ဥပဒေ လုပ်ထုံးလုပ်နည်းများအား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

# စစ်နိုင်


Leave a Reply