ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တရုတ်ဘာသာ (အခြေခံ) စကားပြောသင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကား ပြောကြား

 

မန္တလေး ဇွန် ၁၃

မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး) တို့ ပူးပေါင်း၍ တရုတ်ဘာသာ (အခြေခံ) စကားပြောသင်တန်းဆင်းပွဲ အခမ်းအနားကို တိုင်းဒေသကြီးပါတီရုံး သင်တန်းခန်းမဆောင်တွင် ယမန်နေ့ နံနက် ၈နာရီမှ ၉ နာရီခွဲအထိ ကျင်းပခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက် ခဲ့သည်။

အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆို ဖွင့်လှစ်ပြီးနောက် ပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်၊ မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေး အသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးမျိုးမြင့်က အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ အသင်းဝင် ကတ်ပြားများကို အသင်းတာဝန်ရှိသူများက အသင်းဝင် လူငယ်များထံ ပေးအပ်ခဲ့ကာ တရုတ်ဘာသာ (အခြေခံ) စကားပြောသင်တန်း နည်းပြဆရာအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပြီးနောက် တရုတ်ဘာသာ (အခြေခံ) စကား ပြောသင်တန်း၏ ထူးချွန်ဆုများနှင့် သင်တန်းဆင်း လက်မှတ်များကို ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် တာဝန်ရှိသူများက သင်တန်းသားများထံသို့ ဆုများနှင့် လက်မှတ်များအား အသီးသီး ပေးအပ် ခဲ့သည်။ ထို့နောက် တရုတ်ဘာသာ (အခြေခံ) စကားပြောသင်တန်း၏ သင်တန်းသား သင်တန်းသူများ ကိုယ်စား သင်တန်းသား တစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြား၍ သင်တန်းဆင်းပွဲ အခမ်း အနားကို သင်တန်းသားသင်တန်းသူများက တေးသီချင်းများ သီဆိုကာ အောင်မြင်စွာ ပြီးဆုံး ခဲ့သည်။

အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ ၊မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ ခရိုင်ပါတီ ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်ပါတီများမှ ဥက္ကဋ္ဌများ၊ သင်တန်းသားသင်တန်းသူများ အပါအဝင် စုစုပေါင်း အင်အား ၇ဝ တက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းအား မေ ၂၃ ရက်မှ ယမန်နေ့အထိ တိုင်းဒေသကြီးပါတီရုံး သင်တန်းခန်းမဆောင်၌ ဖွင့်လှစ် သင်ကြားခဲ့ပြီး မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီဝင်များ၊ ပါတီဝင်များ၏ မိသားစုများ တက်ရောက် သင်ကြားခဲ့ကာ သင်တန်းတွင် သင်တန်းသား သင်တန်းသူ ၄၃ ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ် နိုင်ခဲ့ကြောင်း သိရသည်။  သုတ(မန္တလေး)