နယ်စပ်အနီး ချီလီစစ်စခန်း တည်ဆောက်မှုကို ဘိုလီးဗီးယား သမ္မတ ကန့်ကွက်

ဘိုလီးဗီးယား သမ္မတ အီဗို မိုရာလက်စ်

နှစ်နိုင်ငံနယ်စပ်အနီး စစ်စခန်း တည်ဆောက်ခဲ့သည့် ချီလီ၏လုပ်ရပ်ကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် မိမိတို့ယူဆ ကြောင်း ဘိုလီးဗီးယားသမ္မတ အီဗိုမိုရာလက်စ်က ပြောကြားခဲ့သည်။

မေ ၈ ရက်တွင် မိုရာလက်စ်က ချီလီအနေဖြင့် နှစ်နိုင်ငံပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် ဆီလာလာမြစ်နှင့် ၉ မိုင်အကွာတွင် စစ်စခန်းတစ်ခုကို တည်ဆောက်ထားကြောင်း စွပ်စွဲပြောကြားခဲ့သည်။ ယင်းသည် နိုင်ငံအချင်းချင်း နယ်စပ်များနှင့် မိုင် ၃၀ အတောအတွင်း စစ်စခန်းများဆောက်လုပ်ခြင်းမပြုရန် နိုင်ငံတကာသဘောတူညီမှုကို ဆန့်ကျင်နေကြောင်းလည်း ၎င်းက ဆိုသည်။

ဘရာဇီး အောက်လွှတ်တော် ဥက္ကဌ ရာထူးက ဆိုင်းငံ့ခံရ

84941984984

ဘရာဇီး နိုင်ငံမှာ ဩဇာကြီးတဲ့ အောက်လွှတ်တော် ဥက္ကဌ အက်ဒ်ဒွါးဒို ကူးညာကို ဘရာဇီး တရားရုံးချုပ်က တာဝန်ကနေ ဆိုင်းငံ့ လိုက်ပါတယ်။

ငွေကြေး မသမာမှု စွဲချက်တွေ နဲ့ ပတ်သက်ပြီး တရားရေး အာဏာပိုင်တွေက စုံစမ်းနေတာ တွေကို မစ္စတာ ကူးညာက အနှောင့်အယှက် ပြုခဲ့တယ်လို့ စွပ်စွဲ ခံနေရတာ ဖြစ်ပါတယ်။

ဂျပန်မှာ ကားဂတ်စ်ဖြည့်တဲ့ ဆိုင်ထက် ကားလျှပ်စစ်အားသွင်းတဲ့နေရာ ပိုများလာ

charging-points-japan-xp5s

လျှပ်စစ်ကားတွေဟာ တခြားကားတွေထက် ဈေးသက်သာပြီး Mitsubishi ရဲ့ i-MiEV ကားဟာဆိုရင် ဒေါ်လာ ၂၂၀၀၀ လောက်သာရှိတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လျှပ်စစ်အားပြန်လည်သွင်းဖို့အတွက် အခက်အခဲရှိတာကြောင့် ကမ္ဘာမှာ လျှပ်စစ်ကားဖွံ့ဖြိုးမှုဟာ နှေးကွေးနေတာ ဖြစ်ပါတယ်။ ဂျပန်မှာတော့ ကားဂတ်စ်ဖြည့်တဲ့ဆိုင်ထက် ကားလျှပ်စစ် အားသွင်းတဲ့ နေရာတွေ ပိုများလာတယ်လို့ သိရပါတယ်။

ကနေဒါ၌ တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၈၈ဝဝဝ ထွက်ပြေးခဲ့ရ

13087198_1703930966514071_8577646335534241182_o

အယ်လ်ဘာတာ မေ ၅

ကနေဒါအနောက်ပိုင်း၌ တောမီးလောင်ကျွမ်းမှုကြောင့် အဆောက်အအုံပေါင်း ၁၆ဝဝ ခန့်ပျက်စီးဆုံးရှုံးခဲ့ရသည်။ မြို့တွင်း၌ အတော်များများပျက်စီးခဲ့ပြီး လူပေါင်း ၈၈ဝဝဝ မှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ဗုဒ္ဓဟူးနေ့တွင် အာဏာပိုင်များက ပြောသည်။
အနီးအနားဝန်းကျင်ကိုပါ ကူးစက်လောင်ကျွမ်းခဲ့ပြီး အပျက်အစီးများအနည်းငယ်ရှိခဲ့သည်။ ကနေဒါ၏ ရေနံလုပ်ကွက်များ ရှိရာ နယ်မြေ အယ်လ်ဘာတာမြို့တော်အရှေ့မြောက်ဘက်၌ အိမ်အများအပြားမီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း အခြေအနေဆိုးရွားကြောင်း သိရသည်။

မူဆလင်တဦး London မြို့တော်ဝန် ဖြစ်လာနိုင်

4537863737453

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ဝန် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သူ Sadiq Khan

ကြာသပတေးနေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ဝန် ရွေးကောက်ပွဲမှာ ပါကစ္စတန် က ရွှေ့ပြောင်းလာသူ မိဘတွေက မွေးဖွားလာသူ အသက် ၄၅ နှစ်အရွယ် အစိုးရ ဝန်ကြီးဟောင်း Sadiq Khan က အနိုင်ရဖို့ ရှေ့ဆုံးက ပြေးနေပါတယ်။ သူသာ အနိုင်ရရင် လန်ဒန် မြို့မှာ ပထမဆုံး မူဆလင် ဘာသာဝင် မြို့တော်ဝန် တဦး ရှိလာမှာဖြစ်ပြီး၊ ဗြိတိသျှ မူဆလင်တွေကတော့ ဒါကို အလှည့်အပြောင်း တစ်ခုအဖြစ် ရှု့မြင်ကြပါတယ်။

NATO နဲ့အပြိုင် ရုရှားတပ်မကြီးတွေ ဖြန့်ထားမည်

1611984984

အရှေ့ဥရောပမှာ မြောက်အတ္တလန္တိတ် စစ်စာချုပ် NATO အဖွဲ့ရဲ့ စစ်အင်အားကြီးထွားလာမှုကို တန်ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံက နယ်စပ်တလျှောက်မှာ တပ်မ ၃ ခု ဖြန့်ချထားမယ်လို့ ပြောပါတယ်။

ရုရှားရဲ့အနောက်ဘက်နဲ့ တောင်ဘက် နယ်စပ်တလျှောက်မှာ တပ်မသစ်တွေကို ချထားမှာဖြစ်တယ်လို့လည်း မော်စကိုမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေး အပြီးမှာ ကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အိုင်အက်စ်ကို လိုလားထောက်ခံသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦးကို စင်ကာပူ ရဲတပ်ဖွဲ့ ရှာဖွေဖမ်းဆီး

456474-bangladeshi-nationals-detained-singapore-afp

ဇာတိနိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ကျူးလွန်ရန် စီစဉ်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦးကို စင်ကာပူ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်)ကို လိုလားသူဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်တွင် အိုင်အက်စ် တပ်ဖွဲ့ခွဲ တည်ထောင်ရန် ကြိုးစားနေကြကြောင်း စင်ကာပူက ကြေညာခဲ့သည်။ ယခုကိစ္စသည် ၆ လအတွင်း ဒုတိယအကြိမ် အဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အကြမ်းဖက်မှု သံသယ တရားခံများကို ဖမ်းဆီးခြင်းလည်း ဖြစ်လာသည်။

အမေရိကန် သမ္မတလောင်း ရွေးချယ်ပွဲမှ နုတ်ထွက်ကြောင်း တက်ခရုဇ် ကြေညာ

Republican U.S. presidential candidate Ted Cruz announces that he is dropping out of the 2016 race for the Republican presidential nomination as his wife Heidi looks on at his Indiana primary night rally in Indianapolis, Indiana, U.S. May 3, 2016. REUTERS/Chris Bergin

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် သမ္မတလောင်း ရွေးချယ်ပွဲတွေမှာ ပြိုင်ဘက် ဒေါ်နယ်ထရမ့်ကို အကြီးအကျယ် ရှုံးနိမ့်သွားတဲ့အတွက် ပြိုင်ပွဲကနေ နုတ်ထွက်ပြီလို့ တက္ကဆက်ပြည်နယ် လွှတ်တော်အမတ် တက်ခရုဇ် (Ted Cruz) က မေလ ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။

တက္ကဆက်ပြည်နယ် ရွေးချယ်ပွဲတွေမှာ အကြီးအကျယ် အနိုင်ရလိုက်တဲ့အတွက် ရှေ့ကနေ ဦးဆောင်နေတဲ့ အိမ်ခြံမြေ ဘီလီယံနာသူဋ္ဌေးကြီး ဒေါ်နယ်ထရမ့်က ရီပတ်ဗလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် တိုက်ရိုက်အရွေးခံရရေး သေချာသလောက် ဖြစ်လာပါတယ်။

ဘရာဇီးသမ္မတကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်

13124459_1703543133219521_4452948067276072244_n

ရီယိုဒီဂျနေးရိုး မေ ၎

အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်ပြီး သမ္မတ ဒီလ်မာရူးဆက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဘရာဇီး ထိပ်တန်း ရှေ့နေများက တောင်းဆိုခဲ့ကြကြောင်း အင်္ဂါနေ့တွင် ဒေသမီဒီယာများက ဖော်ပြခဲ့သည်။ ကမ္ဘာ့ခုနစ်ခုမြောက် အကြီးဆုံး စီးပွားရေးကို ဦးဆောင်နေပြီး သောကကြုံနေသော ခေါင်းဆောင်အတွက် အဆိုပါ စုံစမ်းစစ်ဆေးမှုသည် သမ္မတရာထူးမှ ဖယ်ရှားခံရမည့် အနေအထားဖြစ်နေသည်။

ရီပတ်ဘရီကန်သမ္မတလောင်းအဖြစ် ဒေါ်နယ်ထရန့် အနိုင်ရ

Republican presidential candidate Donald Trump smiles as he speaks during a primary night news conference, Tuesday, May 3, 2016, in New York. (AP Photo/Mary Altaffer)

ဝါရှင်တန်၊ မေ ၅ ။              ။ အမေရိကန်နိုင်ငံတွင် ကျင်းပနေသည့် ပါတီသမ္မလောင်းရွေးကောက်ပွဲများတွင် အင်ဒီယာနားပြည်နယ်ရွေးကောက်ပွဲတွင် ရီပတ်ဘရီကန်သမ္မတလောင်းရွေးကောက်ပွဲ၌ တဒ်ခရုဇ်က ဒေါ်နယ်ထရန့်ကို အပြတ်အသတ် ရှုံးနိမ့်ကာ မဲဆွယ်စည်းရုံးရေးများမှ ထွက်ခွာသွားရပြီဖြစ်သည်။

ပါတီတွင် အများစုအကြိုက်မတွေ့သည့် နယူးယောက်စီးပွားရေးသမားတစ်ဦးဖြစ်သည့် ထရန့်က ပါတီသမ္မတလောင်းအဖြစ် ရွေးကောက်ခံရဖို့ရန် ကျိန်းသေ သွားပြီလည်း ဖြစ်သည်။