ဘရာဇီးသမ္မတကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်

13124459_1703543133219521_4452948067276072244_n

ရီယိုဒီဂျနေးရိုး မေ ၎

အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်ပြီး သမ္မတ ဒီလ်မာရူးဆက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဘရာဇီး ထိပ်တန်း ရှေ့နေများက တောင်းဆိုခဲ့ကြကြောင်း အင်္ဂါနေ့တွင် ဒေသမီဒီယာများက ဖော်ပြခဲ့သည်။ ကမ္ဘာ့ခုနစ်ခုမြောက် အကြီးဆုံး စီးပွားရေးကို ဦးဆောင်နေပြီး သောကကြုံနေသော ခေါင်းဆောင်အတွက် အဆိုပါ စုံစမ်းစစ်ဆေးမှုသည် သမ္မတရာထူးမှ ဖယ်ရှားခံရမည့် အနေအထားဖြစ်နေသည်။

၎င်းကို လာမည့်သီတင်းပတ်တွင် ဘတ်ဂျက်အခွန်ဆိုင်ရာ ဥပဒေများဖြင့် စွပ်စွဲသွားမည်ဖြစ်သည်။ ဘရာဇီးနိုင်ငံတွင် ၂ဝဝ၃ ခုနှစ် ကတည်းက အလယ် အလတ်တန်းစား ပြည်သူလူထု သန်း ၄ဝ အတွက် လူမှုဖူလုံရေး အစီအစဉ်များကို ချမှတ် ဆောင်ရွက်ခဲ့ပြီး အလုပ်သမားပါတီ၏ ၁၃ နှစ်တာ ဆောင်ရွက်မှုများအတွင်း အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်လျက် ရှိနေသည်။ သမ္မတ ရူးဆက်ဘက်မှ မှားယွင်းမှု မရှိကြောင်း အခိုင်အမာငြင်းဆိုထားသော်လည်း ဘရာဇီးနိုင်ငံ၏ အကြီးမားဆုံး ဆောက်လုပ်ရေးကိစ္စများတွင် အရာရှိများ ပါဝင်ပတ်သက်လျက် ရှိနေကြောင်း အမှုတွင် ဖော်ပြထားသည်။

အောက်လွှတ်တော်မှ ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးသမား ၅ဝ ခန့်ကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။    (ရိုက်တာ)


Leave a Reply