ဂျပန်မှာ ကားဂတ်စ်ဖြည့်တဲ့ ဆိုင်ထက် ကားလျှပ်စစ်အားသွင်းတဲ့နေရာ ပိုများလာ

charging-points-japan-xp5s

လျှပ်စစ်ကားတွေဟာ တခြားကားတွေထက် ဈေးသက်သာပြီး Mitsubishi ရဲ့ i-MiEV ကားဟာဆိုရင် ဒေါ်လာ ၂၂၀၀၀ လောက်သာရှိတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လျှပ်စစ်အားပြန်လည်သွင်းဖို့အတွက် အခက်အခဲရှိတာကြောင့် ကမ္ဘာမှာ လျှပ်စစ်ကားဖွံ့ဖြိုးမှုဟာ နှေးကွေးနေတာ ဖြစ်ပါတယ်။ ဂျပန်မှာတော့ ကားဂတ်စ်ဖြည့်တဲ့ဆိုင်ထက် ကားလျှပ်စစ် အားသွင်းတဲ့ နေရာတွေ ပိုများလာတယ်လို့ သိရပါတယ်။

နောက်ဆုံးရေထားခဲ့တဲ့ အရည်အတွက်အရ ဂျပန်နိုင်ငံ တစ်ဝန်းမှာ ကားလျှပ်စစ်အားသွင်းတဲ့နေရာ၂၈၁၉ နေရာရှိပြီး ဒီအရေအတွက်ဟာ ဥရောပနဲ့ အမေရိကားမှာရှိတဲ့ အရေအတွက်ထက်လည်း ပိုမိုများပြားတာ ဖြစ်ပါတယ်။ ဥရောပမှာ လျှပ်စစ်အား ပြန်ဖြည့်တဲ့ နေရာ ၁၅၃၂ နေရာရှိပြီး အမေရိကားမှာတော့ ၈၅၄ နေရာ ရှိပါတယ်။

-Photos & Source: transportevolved.com


Leave a Reply