သန်လျင်ပြည်ခိုင်ဖြိုးဘုန်းတော်ကြီးကျောင်းများသို့ဝတ္ထုငွေနှင့်အာဟာရဒါနလှူဒါန်း

 

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ပါတီကော်မတီဝင်လူငယ်တာဝန်ခံ ဦးရန်နိုင်ရွှေ နှင့်သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီအဖွဲ့များ အတူပူးပေါင်း၍ သန်လျင်မြို့နယ်အတွင်းရှိ မင်္ဂလွန်းကျေးရွာ၊ ပေါက်တောကျေးရွာ၊ ပြည်တော်သာ ကျေးရွာများသို့ ယမန်နေ့ကသွားရောက်ပြီး ဆရာတော်များအား ဖူးမြော် ကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဓမ္မစကူးလ်သင်ကြားနေသော ကလေးငယ်များအား အာဟာရ ဒါနကျွေးမွေးလှူဒါန်းခြင်းများပြုလုပ်၍ကျေးရွာများရှိ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်အဆင့်နှုတ်မှုရေးရာနှင့်သီချင်းဆိုပြိုင်ပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော နှုတ်မှုစွမ်းရည်စကားပြောနှင့်သီချင်းဆိုပြိုင်ပွဲအား ယနေ့နံနက် ၁ဝ နာရီတွင် စတင်ကျင်းပခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးဖွင့်လှစ်သောအခြေခံ စက်ချုပ်သင်တန်း အမှတ်စဉ်(၁)ဆင်းပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယနေ့နံနက် ၉ နာရီက အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ၁/၂ဝ၁၇ ဆင်းပွဲအခမ်းအနား ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦးက သင်တန်းဆင်းအမှာစကားပြော ကြားသည်။

ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ်ဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်း

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယနေ့မွန်းလွဲ ၁၂နာရီခွဲက တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီ၊ အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်နှစ်ခုမှ ခရိုင်နှင့်မြို့နယ် ဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် အတွင်းရေးမှူးဦးသာဝင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့   နယ်ပါတီဥက္ကဋ္ဌများတက်ရောက်ကြသည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တန်းစီစနစ်ကိုပြောင်းလဲကျင့်သုံး၍ အခက်အခဲများ တွေ့နေဟုဆို

နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တန်းစီစောင့်ဆိုင်း ဝင်ရောက်ရသည့် စနစ်ကို ပြောင်းလဲကျင့်သုံးခြင်း ကြောင့် အခက်အခဲများ ကြုံတွေ့နေကြောင်း လျှောက်ထားသူများက ပြောကြားသည်။ အဆိုပါရုံးတွင် တစ်ရက်လျှင် လူဦးရေနှစ်ထောင်ခန့် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားနေပြီး လုံခြုံရေးအရ နိုင်ငံကူးလက်မှတ် လျှောက်ထားသူ ကိုယ်တိုင်ရုံး အတွင်း တန်းစီဝင်ရောက်သည့် စနစ်ကို ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယပတ်က  စတင်ကျင့်သုံးခဲ့သည်။

တစ်နိုင်တစ်ပိုင်ကျောက်စိမ်းတူးဖော်ရောင်းဝယ်ခွင့်နှင့် လူထုကို ကာကွယ်နိုင်သော ဥပဒေပြဋ္ဌာန်းပေးရန် ရှမ်းစာယဉ်ကော်မတီ တောင်းဆို

ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်သည့် ခန္တီးမြို့နယ် နန်စီ ပွန်ကျေးရွာတွင် ကျေးရွာအုပ်ချုပ် ရေးမှူးအပါအ၀င် ဒေသခံ ၁၁ ဦး ကို တရားမ၀င်ကျောက်စိမ်း ရောင်းဝယ်မှုဖြင့် အရေးယူပြီး နောက် တစ်နိုင်တစ်ပိုင် ကျောက်စိမ်း တူးဖော်ရောင်းဝယ်ခွင့်ပေးရန်နှင့် လူထုကို အကာအကွယ်ပေးနိုင်မည့် ကျောက်မျက်ဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းပေးရန် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီက စက်တင်ဘာ ၂၂ ရက်၌ တောင်းဆိုသည်။

လူငယ်နှင့် ငြိမ်းချမ်းရေးစကားဝိုင်း နေပြည်တော်တွင် ပထမအကြိမ်ပြုလုပ်

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ နယ်တွင် လူငယ်နှင့်ငြိမ်းချမ်းရေး စကားဝိုင်းနှင့် ငြိမ်းချမ်းရေးဂီတ ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၄ ရက်က ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သည်။ ‘‘ငြိမ်းချမ်းပြီးသားဒေသက လူငယ်တွေကြားထဲမှာ ငြိမ်းချမ်းရေးအဓိပ္ပာယ်၊ ငြိမ်းချမ်းရေးရဲ့အနှစ်သာရ၊ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက် ရမလဲဆိုတဲ့ အတွေးအမြင်ရသတွေကို ဖော်ဆောင်တဲ့ ရည်ရွယ်ချက်လေး ပါပါတယ်ဗျ’’ ဟု ပွဲစီစဉ်သည့် ပျဉ်းမနားမြို့နယ် လူငယ်ကွန် ရက်ဥက္ကဋ္ဌ ဦးသိန်းသန်းဦးက ပြောသည်။

ရခိုင်အရေးအပါအဝင် အချက်ခြောက်ချက်ကို ပါတီ (၂၉)နှစ်ပြည့်တွင် တစညထုတ်ပြန်

ရခိုင်ပြည်နယ်အရေးတွင် ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများက လွဲမှားသော ရပ်တည်ချက်များနှင့် မလျော်ဩဇာသုံးကာ ပြည်တွင်းရေးစွက်ဖက်လိုသူများသည် မြန်မာတစ်နိုင်ငံလုံး နှင့် တစ်မျိုးသားလုံးကို ခြိမ်းခြောက်မှု အန္တရာယ်ဖြစ်ကြောင်း အပါအဝင်အချက်ခြောက်ချက်ပါသော သဘောထားရပ်တည်ချက်ကို တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီ (၂၉) နှစ်မြောက် အခမ်းအနား၌ ထုတ်ပြန်သည်။

မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အတည်ပြုရွေးချယ်ခြင်း

 

၂၀၁၇ – ခုနှစ် ၊ စက်တင်ဘာလ(၂၂) ရက်နေ့ ၊ မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ မြို့နယ်ပါတီဥက္ကဋ္ဌ အသစ်ပြန်လည် ရွေးချယ် ခြင်း အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရန်ကင်းပြည်ခိုင်ဖြိုးပါတီရုံး၌ အပါတ်စဉ် ရပ်ကွက်အစည်းအဝေး ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းပြည်ခိုင်ဖြိုးရုံး၌ အပါတ်စဉ်ရပ်ကွက် အစည်အဝေးကို၂၄. ၉ . ၁၇ ရက်နေ့က ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ရန်ကင်းပါတီဥက္ကဌ ဦးဘချစ်က ကျန်ရှိနေ သော ရပ်ကွက်တို့မှ ပါတီနှစ်စဉ်ကြေး ဆက်လက်ကောက်ခံရန် လူငယ် လူပ်ရှားမှုဖြင့် သီတင်းကျွတ်လပြည့်နေ့ ကလေးဆေးရုံ စတုဒီသာ ကျွေးမွေးရန်တို့ကို ပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးအောင်ဇော်ရဲ ၊ ဘဏ္ဍာရေးမှူး ဦးနေလင်းသိန်းတို့က တင်ပြကြပြီး အလုပ်အမှုဆောင်နှင့် ရပ်ကွက်စည်းရုံးမှူးတို့က မေးမြန်းကြပြီး အစည်းအဝေးကို ၁၇း၀၀ နာရီ အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။