ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် ပါတီအကြီးအကဲများ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်းအမှတ်စဉ် (၂) ညစာစားပွဲသို့ တက်ရောက်ချီးမြှင့်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု နည်းပြသင်​တန်းအမှတ်​စဉ်​ (၂) သင်တန်းသား/သင်တန်း သူများ ညစာစားပွဲအခမ်းအနားကို ၂၈.၉.၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ပါ သည်။

အဆိုပါအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဌနှင့်​ ပါတီအကြီးအကဲများ တက်ရောက်​ချီးမြှင့်​ခဲ့ကြ​ကြောင်း သိရှိရပါသည်​။


မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံး၌ (သတ္တမ)အကြိမ် ပါတီနှစ်စဉ်ကြေး စုပေါင်းပေးအပ်ခြင်းနှင့်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများလုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပပြုလုပ်

 

(၂၉.၉.၂၀၁၇)ရက်နေ့ နံနက်(၀၉း၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (သတ္တမ)အကြိမ် ပါတီဝင်နှစ်စဉ်ကြေးစုပေါင်းပေးအပ်ခြင်းနှင့်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​  ပါတီများလုပ်​ငန်းညှိနှိုင်းအစည်းအဝေး(၈/၂၀၁၇)ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးနှင့် တိုင်းဒေသကြီးပါတီ      ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဝင်ပေါင်း(၆၆၉၇)ဦးအတွက် ပါတီနှစ်စဉ်ကြေး(၃၃၄၈၅၀၀ိ/-)အား ခရိုင်ဘဏ္ဍာရေးမှူးများမှ တိုင်းဒေသကြီးဘဏ္ဍာရေးမှူးထံသို့ ပေးအပ်ခဲ့ကြပါသည်​။ မန္တ​လေးတိုင်း​ဒေသကြီးအတွင်းရှိမြို့နယ်​ပါတီများအ​နေဖြင့်​ ယခုသတ္တမအကြိမ်​အထိ ပါတီဝင်​​ပေါင်း(၈၆၉၁၂)ဦးအတွက်​ ပါတီဝင်​နှစ်​စဉ်​​ကြေး(၄၃၄၅၆၀၀၀/-)အား​ပေးသွင်းပြီးဖြစ်​​ကြောင်းသိရှိရပါသည်​။ ထို့​နောက်​ တိုင်း/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးဆက်​လက်​ကျင်းပပြုလုပ်​ခဲ့​ကြောင်းသိရှိရပါသည်​။

မောင်တောခရိုင်၊ မြို့နယ်ပါတီများမှ သေဆုံးသွားသော ဟိန္ဒူဘာသာဝင် လူမျိုးများ၏ နာရေးကိစ္စရပ်များအား သွားရောက်ကူညီခဲ့ကြ

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်(၀၇း၀၀)အချိန်တွင် မောင်တောခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းလှစိန်(ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)ဦးဆောင်၍ ခရိုင်ကော်မတီဝင်များ၊ မြို့နယ် အတွင်းရေးမှူးနှင့်ကော်မတီဝင်များမှ ခမောင်းဆိပ်တောင်ရွာ-ရဲဘော်ကျ ကျေးရွာသို့ မော်တော်ယာဉ် များဖြင့်သွားရောက်ပြီး ဗျွှဗ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများ၏ ရက်စက်စွာသတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူ လူမျိုးတို့၏ သေဆုံးသူအလောင်း(၄၅)လောင်းအတွက် ပဏာမအလှူငွေ(၃)သိန်းကျပ်လှူဒါန်း ပေးခဲ့ပါသည်။ ဆက်လက်ပြီး သစ်တုံးနားခွဆုံ     ကျေးရွာအုပ်စု လေးမြို့ကေဒီကျေးရွာမှ အိမ်ထောင်စု(၃၆)စု၊ ကြောင်နဖေကျေးရွာမှ အိမ်ထောင်စု(၉)စု၊ ခရုချောင်းကျေးရွာမှ အိမ်ထောင်စု(၅)စုတို့အား အိမ်ထောင်စု (၁)စုလျှင်(၁၀၀၀၀ိ/-)    ကျပ်နှုန်း ဖြင့် အိမ်ထောင်စု(၅၀)စုအတွက် အလှူငွေ(၅၀၀၀၀၀ိ/-)ကျပ်နှင့် ကျေးရွာ ဆရာတော်(၁)ပါးအား အလှူငွေ(၁၀၀၀၀ိ/-)ကျပ်အား ပံ့ပိုးကူညီခဲ့ကြ သည်။

ပြည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သန့်ရှင်းရေးလုပ်အားဒါနပြုလုပ်

 

ပြည်မြို့နယ်ပြခိုင်ဖြိုးပါတီမှ (၂၈.၉.၂၀၁၇) ရက်နေ့ နံနက် (၈း၀၀)အချိန်တွင် အောင်ဆန်းပြည်သာယာရပ်ကွက် အတွင်းရှိ မင်းပေါင်းစုတည်ဘုန်းကြီးကျောင်း၊သပြေရိပ်ဘုန်းကြီးကျောင်းနှင့် ရှေးဟောင်းသမိုင်းဝင်မင်းပေါင်းစုတည်စေတီတော်ကြီးတွင် သန့်ရှင်းရေးကုသိုလ် လုပ်အားဒါနကိုပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး ပဲခူးတိုင်းပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌ ဦးအောင်ချိုဦးမှလည်း ကိုယ်တိုင်ပါဝင်လုပ်အားပေးသည့်အပြင် ပြည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သပြေရိပ်ဘုန်းကြီးကျောင်း ဆီမီးတစ်ထောင်ပူဇော်ပွဲအတွက် အလှူတော်ငွေသုံးသောင်းကျပ်၊ကုကျောင်းအကျိုးတော်ဆောင် ကိုမျိုးဟန်က ပြည်ခိုင်ဖြိုးပါတီအနေဖြင့်လှူဒါန်းခဲ့ပါသည်။

Min Ko Ko

စဉ့်ကိုင်ကြီးကျေးရွာတွင် ကျောင်းသားကျောင်းသူများအား ဗလာစာအုပ်များလှူဒါန်း

 

ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားရေး လိုအပ်သည် များကို ကူညီပံ့ပိုးပေးရေး ရည် ရွယ်ချက်များဖြင့် မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗလာစာ အုပ်များလှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက စဥ့်ကိုင်ကြီး ကျေးရွာအမကကျောင်း၌ ကျင်းပ ခဲ့သည်။

ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူများအား ဆက်လက်ကူညီပံ့ပိုး

 

ရွှေပြည်တော်သို့ဆုံမှတ် ပရ ဟိတအသင်းမှဗဟိုအတွင်းရေးမှူး ဦးအောင်ပိုင်မင်းနှင့် အဖွဲ့ဝင်များ သည် ရခိုင်ပြည်နယ်ရှိနေရပ်စွန့်ခွာ တိမ်းရှောင်သူများ၏လိုအပ်လျက် ရှိသည်များကို ယခင်ကတည်းက လုပ်ဆောင်နေသော ကူညီပံ့ပိုးရေး လုပ်ငန်းများအား ဆက်လက်ကူညီ ပံ့ပိုးရန် ရခိုင်ပြည်နယ် စစ်တွေမြို့ သို့သွားရောက်ကာ ကူညီပံ့ပိုးရေး လုပ်ငန်းများအား ဆက်လက်လုပ်     ဆောင်ခဲ့ကြကြောင်း သိရသည်။

ခါရာဘိုရာဇီ အမျိုးသားဥယျာဉ် တိုးချဲ့ သတ်မှတ်မှုအပေါ် ပူတာအိုခရိုင် ဒေသခံထောင်ချီ ကန့်ကွက်

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အား တောင်ပိုင်းသို့တိုးချဲ့ပြီး ကမ္ဘာ့သဘာဝအမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်ဖို့ အစိုးရက ဆောင်ရွက်နေတာကို ရပ်ဆိုင်းပေးဖို့ ကချင်ပြည်နယ် ပူတာအို၊ နောင်မွန်နဲ့ မချမ်းဘော မြို့နယ် ၃ ခုက ဒီကနေ့မှာ လှည့်လည်ဆန္ဒပြနေကြပါတယ်။

ပူတာအိုမြို့မှာ လူဦးရေ ၈၀၀၀ လောက်နဲ့ ဒီကနေ့မနက် မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ကြပြီး အဓိကအားဖြင့် ကမ္ဘာ့သဘာဝအမွေအနှစ်နယ်မြေ သတ်မှတ်ဖို့ လုပ်ဆောင်နေတာကို ရပ်ဆိုင်းဖို့ တောင်းဆိုတာလို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးယောရှုက ပြောပါတယ်။

မောင်တောမြို့အတွင်း ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များအား ဆက်လက်ရှာဖွေ

 ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)  

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များအား ဆက်လက်ရှာဖွေ ဆောင်ရွက်မှုပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများတွေ့ရှိရာပြ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ကုလလုံခြုံရေးကောင်စီက ရခိုင်အရေးဆွေးနွေးရန် ကိုဖီအာနန်ကို ဖိတ်ကြားထား

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန်အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ပြင်သစ်နိုင်ငံက ဖိတ်ကြားထား ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေ စိုက် Daily Star သတင်းဌာနက ဖော်ပြသည်။

 ပြင်သစ်သည် လာမည့် အောက်တိုဘာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌရာထူး ရယူမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာကိုဖီအာနန်အား လာမည့် သီတင်းပတ်အတွင်း တွေ့ဆုံ ရန် ဖိတ်ကြားခြင်းဖြစ်သည်။

မြန်မာလုပ်သားများထံမှ ငွေတောင်းသော ပွဲစားများကို ဖမ်းဆီးရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြားထားဟုဆို

ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ပြုလုပ်နေသော မြန်မာလုပ်သားများထံမှ ငွေတောင်းခံနေသော မြန်မာနှင့် ထိုင်းနိုင်ငံသားပွဲစားများကို ဖမ်းဆီးအရေးယူရန် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်က ညွှန်ကြားခဲ့ကြောင်း မြန်မာသံရုံးတာဝန်ရှိသူက ပြောသည်။

CI လက်မှတ်ပြုလုပ်နေ သော မြန်မာလုပ်သားများကို မြန်မာနှင့်ထိုင်းနိုင်ငံသား ပွဲစားများက CI စခန်းအတွင်း ဝင်ခွင့်နှင့် ပြုလုပ်ခများ အဆမတန် တောင်းခံနေကြောင်း တိုင်ကြားမှုများ ဖြစ်ပေါ်နေသောကြောင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်က စက်တင်ဘာ ၂၆ ရက်တွင် ညွှန် ကြားခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံ အရာရှိ ဦးမိုးအောင်ခိုင်က ပြောကြားသည်။