မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံး၌ (သတ္တမ)အကြိမ် ပါတီနှစ်စဉ်ကြေး စုပေါင်းပေးအပ်ခြင်းနှင့်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများလုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပပြုလုပ်

 

(၂၉.၉.၂၀၁၇)ရက်နေ့ နံနက်(၀၉း၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (သတ္တမ)အကြိမ် ပါတီဝင်နှစ်စဉ်ကြေးစုပေါင်းပေးအပ်ခြင်းနှင့်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​  ပါတီများလုပ်​ငန်းညှိနှိုင်းအစည်းအဝေး(၈/၂၀၁၇)ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးနှင့် တိုင်းဒေသကြီးပါတီ      ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဝင်ပေါင်း(၆၆၉၇)ဦးအတွက် ပါတီနှစ်စဉ်ကြေး(၃၃၄၈၅၀၀ိ/-)အား ခရိုင်ဘဏ္ဍာရေးမှူးများမှ တိုင်းဒေသကြီးဘဏ္ဍာရေးမှူးထံသို့ ပေးအပ်ခဲ့ကြပါသည်​။ မန္တ​လေးတိုင်း​ဒေသကြီးအတွင်းရှိမြို့နယ်​ပါတီများအ​နေဖြင့်​ ယခုသတ္တမအကြိမ်​အထိ ပါတီဝင်​​ပေါင်း(၈၆၉၁၂)ဦးအတွက်​ ပါတီဝင်​နှစ်​စဉ်​​ကြေး(၄၃၄၅၆၀၀၀/-)အား​ပေးသွင်းပြီးဖြစ်​​ကြောင်းသိရှိရပါသည်​။ ထို့​နောက်​ တိုင်း/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးဆက်​လက်​ကျင်းပပြုလုပ်​ခဲ့​ကြောင်းသိရှိရပါသည်​။

#Zaw Aung Htet