ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့်အဖွဲ့ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲသို့တက်ရောက်

 

၂၈.၉.၂၀၁၇ ရက်နေ့ ကြာသာပတေးနေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပပြုလုပ်သော ယဉ်ကျေးလိမ္မာသော မြန်မာအမျိုးသမီးလေးများရဲ့ ဓမ္မစကြာင်္ရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ၊ တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့် ၊ တိုင်းပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေနှင့်တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ကော်မတီဝင်များ ၊ မြို့နယ်ကော်မတီဝင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ခရိုင်များအား ကိုယ်စားပြုယှဉ်ပြိုင်မည့် မြို့နယ်အသီးသီးမှ အမျိုးသမီးများ စုစုပေါင်းအင်အား (၂၅၀)ခန့်တို့တက်ရောက်ခဲ့ကြပါသည်။

ရန်ကုန်တောင်ပိုင်းပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်ဆိမ်းလောင်းလှူပုဇော်

 

ရန်ကုန်တောင်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီမှ (၂၈.၉.၂၀၁၇) ရက်နေ့ နံနက် (၄း၃၀)အချိန်တွင် ခရိုင် ပါတီကော်မတီဝင် လူငယ်တာဝန်ခံ ဦးရန်နိုင်ရွှေသည် သန်လျင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းနှင့်ကော်မတီအဖွဲ့များ၊ရပ်ကျေးပြည်ခိုင်ဖြိုးအဖွဲ့များနှင့် အတူပူးပေါင်း၍ သန်လျင်မြို့နယ်အတွင်းရှိ မြို့ဟောင်းအရှေ့ရပ်ကွက် ဇီးကုန်းနယ်မြေ ကြာသပတေးဓမ္မာရုံသို့ သွားရောက်ပြီး ကျောင်းတိုက်ပေါင်း (၁၅)ကျောင်းမှ ဆရာတော်သံဃာတော်(၇၃)တို့ အား နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကျဖြစ်သော အာရုံဆွမ်း|အထိုင်ဆွမ်းများ ဆပ်ကပ်လောင်းလှူ ဖူးမြော်ကြည်ညိုခြင်း၊လှူ ဖွယ်ဝတ္တုများဆပ်ကပ်လှူ ဒါန်းခြင်းနှင့် လှူ ဒါန်းမှုအစုစုတို့ကို သာဓုခေါ်ဆို၍ ရေဆက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၏ သင်တန်းဆွေးနွေးပို့ချမှု

 

ယ​မန်နေ့(၂၇.၉.၂၀၁၇)ရက်နေ့တွင် ပြည်​ခိုင်​ဖြိုးပါတီဌာနချူပ်​၌ဖွင့်​လှစ်​​သော နိုင်ငံရေးစီမံခန်ခွဲမှု နည်းပြ သင်တန်း အမှတ်စဉ်(၂)တွင်​ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ            ​ဆွေးေ​နွး ပို့ချ​ခဲ့ကြောင်း သိရသည်။

crd;


မိုးကောင်းပြည်ခိုင်ဖြိုးပါတီ မဟာတိလောကာရာမ ပရိယတ္တိစာသင်တိုက် တွင်လုပ်အားပေး ပြုလုပ်

 

မိုးကောင်း။စက်တင်ဘာ၂၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် မိုးကောင်းမြို့ မဟာတိလောကာရာ မပရိယတ္တိစာသင်တိုက်တွင် စက်တင်ဘာ(၂၇)ရက် နံနက် (၇)နာရီ အချိန်တွင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ မြို့နယ်ကော်မတီဝင် ဦးစိုင်းထွန်းလှ၊ ဦးဝင်းကို၊ မြို့နယ် စည်းရုံးရေးတာဝန်ခံ ဦးမြင့်စိုး၊ဦးငွေရှိန်း ၊ဦးသန်းစိုး ၊ ဒေါ်အေးနှင့် မြို့ပေါ်စည်းရုံးရေးတာဝန်ခံများ နှင့် အင်အား (၄၃) ယောက်နှင့် မိုးကောင်းမြို့ပေါ်ရှိ မဟာတိလောကာရာမပရိယတ္တိ စာသင်တိုက်တွင်းရှိ မြက်များ ချုံနွယ်များ ထင်းများ ကို လုပ်အားပေးလျကိရှိပါသည်။

မိုင်းတုံမြို့ပြည်ခိုင်ဖြိုးပါတီမှ ပါတီရှေ့လုပ်ငန်းစဉ်များဆောင်ရွက်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၂၇.၉.၂၀၁၇ )ရက်နေ့ အချိန်တွင် ရှမ်းပြည်နယ်ပါတီဥက္ကဌနှင့့် မိုင်းဆတ်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်  လွှတ်တော်ကိုယ်စားလှယ်များသည် မိုင်းတုံမြို့နယ်ပါတီကော်မတီဝင်များအားတွေ့ဆုံပြီး ပါတီလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များအား ဆောင်ရွက်ရန် စည်းဝေးမှာကြားခဲ့ကြောင်း သိရ  သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ


မြို့နယ်ပြည်ခိုင်ဖြိုးနှင့်အဖွဲ့ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ချောင်းကမ်း ကြီးအုပ်စု ချောင်းကမ်းကြီးကျေးရွာတွင် ယနေ့နံနက် ၉ နာရီက အများ ပြည်သူသောက်သုံးရေကန်အား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မြို့နယ် ကော်မတီများ၊ ချောင်းကမ်းကြီးအုပ်စု ရပ်ကျေးစည်းရုံးရေးမှူးနှင့်အဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းကာ အများသုံးသောက်ရေကန် အတွင်းရှိအမှိုက်သရိုက်များ၊ မြက်ပင်ချုံနွယ်များကို အင်တိုက်အားတိုက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခဲ့ကြသည်။

ပါတီဗဟိုအကြံပေး ဦးမောင်မောင်အုန်း အမ်းမြို့နယ်ကျေးရွာများသို့ သွားရောက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးကျောင်းသုံးဗလာစာအုပ်များလှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီဗဟိုအကြံပေး ရခိုင်ပြည်နယ်တာဝန်ခံ ဦးမောင် မောင်အုန်းသည် အမ်းမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာ ပါတီတာဝန်ရှိသူများသည် အမ်း မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်များနှင့်စပ်လျဉ်း၍ ဆွေး နွေးကာ ကျောင်းသားကျောင်းသူ များအတွက် ကျောင်းသုံးဗလာ စာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နယ်မြေကွင်းဆင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်မှုအားပေး

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦး တင်စိုး၊ ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ပျော်ဘွယ် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ်ကော်မတီဝင်များနှင့်အတူ ယမန်နေ့ နံနက်တွင်ဖွင့်လှစ်သော ပျော်ဘွယ်မြို့နယ် ထရံကာအုပ်စု သာစည်ကျေးရွာ ရွာတွင်းကျောက်ချော လမ်းဖွင့်ပွဲသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင် ပေါင်မြို့နယ်ပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ် အမှုဆောင်နှင့် မွန်ပြည်နယ် ပေါင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာပါတီကော် မတီဝင်များနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၁ နာရီက ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲကျင်းပ

 

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီမှကြီးမှူး၍ ခရိုင်အဆင့်ဓမ္မစကြာရွတ်ဖတ် ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီးပါတီရုံးခန်းမ၌ကျင်းပ ရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မုံရွာခရိုင်နှင့် မုံရွာမြို့နယ်မှပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့  ဝင်များ၊ ပြိုင်ပွဲဝင်ဓမ္မစကြာဝတ်အသင်းများ၊ ဖိတ် ကြားထားသောဧည့်သည်တော်များ စုစုပေါင်း၂ဝဝခန့်တက်ရောက်သည်။