စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲကျင်းပ

 

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီမှကြီးမှူး၍ ခရိုင်အဆင့်ဓမ္မစကြာရွတ်ဖတ် ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီးပါတီရုံးခန်းမ၌ကျင်းပ ရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မုံရွာခရိုင်နှင့် မုံရွာမြို့နယ်မှပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့  ဝင်များ၊ ပြိုင်ပွဲဝင်ဓမ္မစကြာဝတ်အသင်းများ၊ ဖိတ် ကြားထားသောဧည့်သည်တော်များ စုစုပေါင်း၂ဝဝခန့်တက်ရောက်သည်။

အခမ်းအနားကို နမောတသ သုံးကြိမ် ကန်တော့၍ ဖွင့်လှစ်ပြီး မုံရွာမြို့ အုတ်ကန်တောရဆရာတော်ထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရား  တော်များနာယူခြင်း၊ လှူဖွယ်ဝတ္ထုများလှူဒါန်းခြင်း၊ ဆရာတော်ဘုရားမှ ရေစက်ချအနုမောဒနာ တရားနာယူကြည်ညို ခြင်း၊ဧည့်သည်တော်များက အရပ်ဆယ်မျက်နှာမေတ္တာပို့၍ အမျှပေးဝေ     ခြင်းများ ဆောင်ရွက်ကြသည်။

အခမ်းအနားကို နံနက် ၉နာရီခွဲတွင် ဗုဒ္ဓသာသနံ စိရံတိဋတုသုံး ကြိမ်ရွတ်ဆိုကာရုပ်သိမ်းခဲ့သည်။ဓမ္မစကြာဝတ်အသင်းကိုးသင်းက ယခုလ ၂၈ရက်အထိ ယှဉ်ပြိုင်ရွတ်ဖတ်ပူဇော်ကြမည်        ဖြစ်ကြောင်း သိရသည်။

မုံရွာ