ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့်အဖွဲ့ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲသို့တက်ရောက်

 

၂၈.၉.၂၀၁၇ ရက်နေ့ ကြာသာပတေးနေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပပြုလုပ်သော ယဉ်ကျေးလိမ္မာသော မြန်မာအမျိုးသမီးလေးများရဲ့ ဓမ္မစကြာင်္ရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ၊ တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့် ၊ တိုင်းပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေနှင့်တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ကော်မတီဝင်များ ၊ မြို့နယ်ကော်မတီဝင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ခရိုင်များအား ကိုယ်စားပြုယှဉ်ပြိုင်မည့် မြို့နယ်အသီးသီးမှ အမျိုးသမီးများ စုစုပေါင်းအင်အား (၂၅၀)ခန့်တို့တက်ရောက်ခဲ့ကြပါသည်။

DuWonKyal