ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ လူမှုရေးအဖွဲ့အစည်းများတွေ့ဆုံ ကျေးရွာဖွံ့ဖြိုးရေးအတွက် အလှူငွေပေးအပ်

 

ကျောက်ဆည် ဇန်နဝါရီ ၂၃

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်းသည် ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင် များလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၁နာရီက ငါးအိုးကျေးရွာပါတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊လူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံရွာမိရွာဖ များတွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေး အတွက်အလှူငွေပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲနှင့် အလှူငွေ ပေးအပ်ရာတွင် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌဦးစိုးစိုးထွန်း၊ အတွင်း ရေးမှူး ဦးဆွေဦး၊ လူငယ်ရေးရာ တာဝန်ခံ ဦးသန်းဝင်းစိုးနှင့် စည်း ရုံးရေးနယ်မြေတာဝန်ခံများ၊ ကော် မတီဝင်များ၊ ကျေးရွာပါတီဥက္ကဋ္ဌ ဦးလောပန်နှင့် ကော်မတီဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံ ရွာမိရွာဖများတက်ရောက်ကြသည်။
ရှေးဦးစွာ ဥက္ကဋ္ဌဦးစိုးစိုးထွန်း က ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစဉ် များနှင့် လူမှုရေးလုပ်ငန်းစဉ်များ တွင် မိမိပါတီဝင်များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဒေသခံရွာမိရွာဖ များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပါတီ၏ မူဝါဒလုပ်ငန်းစဉ်များ ပြည်သူအတွင်းစိမ့်ဝင်ပျံ့နှံ့ပြီး၊ မိမိ တို့ပါတီကို ကျေးရွာလူထုက ယုံ ကြည်အားကိုးမှု ပိုမိုရရှိအောင် ဆောင်ရွက်ကြရန်လမ်းညွှန်မှာကြား ခဲ့သည်။ထို့နောက် ကျေးရွာဖွံ့ဖြိုး ရေးအတွက် လှူဒါန်းငွေကို ပါတီ ဥက္ကဋ္ဌဦးစိုးစိုးထွန်းနှင့် ကော်မတီ ဝင်များ၊ ရွာမိရွာဖနှင့် လူမှုရေးအဖွဲ့ အစည်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

သီဟထွန်း(နဝရတ်မြေ)