ပြည်ခိုင်ဖြိုးပါတီက ပြည်သူများသို့ ဆန်နှင့်ဆီများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

 

ရန်ကုန် ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင်လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ဦးဆောင်၍ ယမန်နေ့ နံနက်၇နာရီမှစ၍ အလယ်ကျေးရွာ မြေတိုင်း(၂၂)တွင် ဆန်နှင့်ဆီ များကို အထူးလျှော့ဈေးနှုန်းဖြင့် ပြည်သူများသို့ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

ရောင်းချသည့် နေရာတွင် မြို့နယ်ပါတီဥက္ကဋ္ဌဦးဇေယျာအောင် နှင့် မြို့နယ်ကော်မတီဝင်များ၊ ဆန် အရောင်းတာဝန်ခံများ၊ နယ်မြေ တာဝန်ခံ ဦးမောင်မောင်မြင့်၊ အလယ်ကျေးရွာပါတီဥက္ကဋ္ဌဦးမောင် မောင်လေးနှင့် ကော်မတီဝင်များ၊ ပါတီလူငယ်များက ကြီးကြပ်ပြီး စနစ်တကျရောင်းချပေးလျက်ရှိ သည်။

ဆန်အပြင်ပေါက်ဈေးနှုန်း ကျပ် ၁၃ဝဝ၊ ဆီအပြင်ပေါက်ဈေး နှုန်းကျပ် ၂ဝဝဝနှုန်းအား ယခု ပြည်ခိုင်ဖြိုးပါတီမှ အထူးလျှော့ ဈေးနှုန်းဖြင့်(မနောသုခဆန်ရှယ်) တစ်ပြည် လျှင်ကျပ် ၁ဝဝဝနှုန်း၊ စားအုန်းဆီ တစ်ပိဿာလျှင်ကျပ် ၁၆ဝဝ နှုန်းဖြင့်လို သလောက် ရောင်းချပေးလျက်ရှိသည်။

  • မြင့်သိန်း(လှိုင်သာယာ)