တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ ကျန်းမာရေးကူညီမှု့များဆောင်ရွက်ပေး

 

ယမန်နေ့ (၂၃-၁-၂၀၁၉ ) ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင် ပါတီဥက္ကဌ ဦးဘိုစံ ခရိုင်/မြို့နယ် ပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ပါတီအမျိုးသမီးအဖွဲ့များသည် မိုင်းကိုးအုပ်စု၊ဟွေတာ(၂)ကျေးရွာပါတီအမျိုးသမီးခေါင်းဆောင် မဘူးဘို မှအကူအညီတောင်းခံထားသည့် မွေးလူနာ မဘူးချာအား နေအိမ်မှ သွားရောက် ခေါ်ဆို ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီရုံးတွင် တွေ့ဆုံ၍ ဗဟိုပါတီကော်မတီဝင်မှ လူနာအတွက်အလှူငွေ (၅၀၀၀) ဘတ်၊ခရိုင်/မြို့နယ် ပါတီမှ (၂၀၀၀) ဘတ် စုစုပေါင်း (၇၀၀၀) ဘတ် လှူဒါန်းမှုများ ဆောင်ရွက်ပြီး ၃၃၁ တပ်နယ်ဆေးရုံမှ လိုအပ်သည့် စစ်ဆေးမှု့များ ခံယူပြီး ပြည်သူ့ဆေးရုံကြီးတွင်ဆေးရုံတက် ဆေးကုသခံရန် အစအဆုံး ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

Myo Thant