ပြည်သူတို့အခက်အခဲကြုံတွေ့မှုရှိမရှိ ပြည်သူ့အသံနားထောင်ရန် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးတွင်ပြောကြား

နတ်မောက် သြဂုတ် ၂ဝ

မကွေးတိုင်းဒေသကြီး မကွေး ခရိုင် နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယနေ့နံနက် ၁ဝ နာရီ ကမြို့နယ်ကော်မတီဝင်များအစည်း အဝေးကျင်းပခဲ့ကြောင်းသိရသည်။
မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော် လတ်မိုးက အဖွင့်အမှာစကားပြော ကြားခဲ့ရာ ပါတီဝင်များအနေဖြင့် ပြည်သူတို့၏အခက်အခဲ ကြုံတွေ့ နေမှုရှိမရှိ ပြည်သူတို့၏အသံများ သိစေဖို့ ပြည်သူနှင့်အတူ ပူးပေါင်း ပါဝင်လုပ်ကိုင်ပေးကြပါရန် မိမိတို့ တတ်နိုင်သည်များကို ကူညီပေး ကြရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကော်မတီဝင် များက မိမိတို့တာဝန်ယူထားသည့် အလုပ်အကိုင်များ ဆောင်ရွက်ပြီးစီး မှုအခြေအနေနှင့် လုပ်ဆောင်ရန် ကျန်ရှိနေသည်များကို ဆက်လက် လုပ်ဆောင်နေပါကြောင်း တင်ပြ ဆွေးနွေးခဲ့သည်။

ထို့အပြင် ဥက္ကဋ္ဌက လက်ရှိ အခြေအနေများတင်ပြချက်ကို ပြန် လည်သုံးသပ်ပြီး ”ကျွန်တော်တို့ ပါတီဟာ ပြည်သူတွေဘက်က အမြဲရပ်တည်ခဲ့တာဖြစ်ခဲ့လို့ပြည်သူ တွေရဲ့ ဒီနေ့တွေ့ကြုံခံစားနေရတာ တွေကို ပြည်သူနဲ့အတူ ပူးပေါင်း ဆောင်ရွက်ပေးရမှာ ဖြစ်တယ်။ လက်ရှိအခြေအနေများကို ကော် မတီဝင်တွေက မျက်ခြေမပြတ် စောင့်ကြည့်ကြနေရမှာဖြစ်ပါတယ်။ မိမိတို့ပါတီဝင်အားလုံးဟာပူးပေါင်း ဆောင်ရွက်မှုနဲ့အတူ ရဲဘော်ရဲဘက် စိတ်ထား မည်မျှရှိခဲ့သည်ကို ပြသ ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ မိသားစုစိတ်ကောင်းစေတနာနဲ့ အတူ ပြည်သူတွေကို ရှေးရှုပြီး ကူညီပေးကြပါ”ဟု တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းမှီ(နတ်မောက်