ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး ပြင်ဦးလွင်ခရိုင်နှင့်ပုသိမ်ကြီးမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျိုးဆက်သစ် လူငယ်မောင်/မယ်များတွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁ဝနာရီက ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ရှေးဦးစွာ တက်ရောက်လာ သူများမှ နိုင်ငံတော်သီချင်းသံပြိုင် သီဆိုခဲ့ကာ ရာသက်ပန်ပြည် ထောင်စုတေးသီချင်းကို လူငယ် မောင်/မယ်များမှ သီဆိုပြီးနောက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီလူငယ်ရေးရာကဏ္ဍတာ ဝန်ခံ တိုင်းဒေသကြီးပါတီကော်မ တီဝင် ဒေါ်သိင်္ဂီအောင်က လူငယ် ရေးရာဖွဲ့စည်းလှုပ်ရှားဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ပါတီ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေး တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေးက တိုင်းပြည်နှင့် ပါတီနောင်ရေးအတွက် လူငယ် များကို အားကိုးအားထားပြုပါ ကြောင်း၊ လူငယ်များကို လက်ဆင့် ကမ်းအမွေများ ပေးသွားမည်ဖြစ် ကြောင်း၊ လူငယ်များအနေဖြင့် သမိုင်းဖြစ်ရပ်မှန်များကို သိရှိနား လည်အောင်ကြိုးစားကြပြီး အမျိုး သားရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း၊ မိမိ တို့ပါတီအနေဖြင့် သွေးသစ်လူငယ်၊ ရှေ့ဆောင်လူငယ်နှင့် ဦးဆောင် လူငယ်များအဖြစ် စဉ်ဆက်မပြတ် လက်ဆင့်ကမ်းတာဝန်ထမ်းဆောင် နိုင်ရေးလေ့ကျင့်စီမံလျက်ရှိကြောင်း၊ နိုင်ငံရေးခေါင်းဆောင်များ ကိုယ် ခံအားကောင်းပါက တိုင်းပြည် အင်အားတောင့်တင်းခိုင်မာမည်ဖြစ် ကြောင်း၊ ကိုယ်ခံအား မကောင်းပါ က တိုင်းပြည်အချုပ်အခြာအာဏာ ဆုံးရှုံးနိုင်ကြောင်း၊ သို့ဖြစ်၍ အနာ ဂတ်ကိုဦးဆောင်မည့် မျိုးဆက်သစ် လူငယ်များအနေဖြင့် အမျိုးသားရေး ကိုယ်ခံအားကောင်းအောင်ကျင့်ကြံ အားထုတ်ကြစေလိုကြောင်း အစရှိ သည်တို့အား လမ်းညွှန်မှာကြား ခဲ့သည်။ ဆက်လက်၍ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လူငယ်ပါ တီဝင် ၂၇၃ ဦး၏ အဆိုပြုလွှာများ အားပေးအပ်၍ တွေ့ဆုံပွဲအခမ်း အနား ခေတ္တရပ်နားခဲ့သည်။ ယနေ့ကျင်းပသည့် တွေ့ဆုံပွဲ အခမ်းအနားသို့ ပါတီ ဗဟိုဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက် ထွေး၊ ပါတီဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသော မန္တလေးတိုင်း ဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏ မောင်လွင်၊ ဗဟိုလူငယ်ရေးရာ တာဝန်ခံဒေါက်တာအောင်မြတ်ဦး၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်နှင့် ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေး မှူး ဦးအောင်ကျော်မိုး၊ ဗဟိုကော် မတီဝင် ဒေါက်တာနန္ဒာလှမြင့် တိုင်းဒေသကြီး ပါတီကော်မတီဝင် များ၊ အခြားနိုင်ငံရေးပါတီ ခုနစ် ပါတီမှ တာဝန်ရှိသူများ၊ မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မျိုးဆက်သစ်လူငယ်မောင်/မယ်များ အပါအဝင် စုစုပေါင်း အင်အား ၆ဝဝ ကျော် တက်ရောက်ခဲ့ကြ သည်။

 

မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ မျိုးဆက်သစ်လူငယ်မောင်/မယ်များတွေ့ဆုံ ပါတီဥက္ကဋ္ဌဦးသန်းဌေး လမ်းညွှန်အမှာစကားပြောကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျိုးဆက်သစ် လူငယ်မောင်/မယ်များတွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁ဝနာရီက ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်

ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံဦးသူရိန်ဇော် ခရိုင်နှင့်မြို့နယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် (ကရင်ပြည်နယ်တာဝန်ခံ) ဦးသူရိန်ဇော်သည် ယမန်နေ့ နံနက် ၁ဝ နာရီက ဘားအံမြို့ ပြည်နယ် ပါတီရုံးတွင် ကျင်းပသည့် ကရင် ပြည်နယ်အတွင်းရှိ ခရိုင်မြို့နယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
မွန်းလွဲ ၁ နာရီခွဲတွင် ဘားအံ မြို့မှထွက်ခွာလာရာ ညနေ ၄ နာရီ တွင် ကော့ကရိတ်မြို့နယ် ရေကျော် ကြီးကျေးရွာအုပ်စု လှိုင်ဝကျေးရွာ ရွာလယ်ဓမ္မာရုံသို့ ရောက်ရှိခဲ့သည်။

အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ စိုက်ပျိုးပြီးသစ်ပင်များထိန်းသိမ်းစောင့်ရှောက်

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ အရှေ့ပိုင်းခရိုင်မှ လူငယ်တာဝန်ခံများ        စုပေါင်း အင်အား ၈ဝ သည် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဒဂုံအရှေ့ ပိုင်းမြို့နယ် ကျန်စစ်သားလမ်းမဝဲယာတစ်လျှောက် စိုက်ပျိုးပြီး ခရေပင်အပင် ၁ဝဝဝ အားရေရှည်အပင်ရှင်သန်ကြီးထွားစေရန်နှင့် သဘာဝအပူဒဏ်ကာကွယ်စေရန် တတိယအကြိမ် မြက်နုတ်၊ ပေါင်းသင်ခြင်းလုပ်ငန်များဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်္ဂလာဒုံပြည်ခိုင်ဖြိုးပါတီဝင် နာရေးကူညီထောက်ပံ့

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပ/လ/ရ ရပ်ကွက်ကြူစမ်းရွာသစ် ဂရုဏာ(၁) လမ်းနေ ပြည်ခိုင်ဖြိုးပါတီဝင်ဒေါ်မြသီး ၏ နာရေးသို့ စက်တင်ဘာ ၂၉ ရက် နံနက်က  မြို့နယ်ပါတီဥက္ကဋ္ဌနှင့်မြို့ နယ် ကော်မတီဝင်များသွားရောက်၍ ကူညီငွေကျပ်နှစ်သိန်းကို ပေးအပ်ခဲ့ ကြကြောင်း သိရသည်။

ဝင်းသန်း(မင်္ဂလာဒုံ)


သံဃာ့နာယကဆရာတော်များအား လှည်းကူးပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆက်ကပ်လှူဒါန်း

 

ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ လှည်းကူးမြို့နယ်သံဃာ့နာယက အဖွဲ့က ကြီးမှူးကျင်းပသော ဂိုဏ်း ပေါင်းစုံသံဃာ့နာယက ဆရာတော် များနှင့် ဝိနည်းဓိုရ်ဆရာတော်များ စုစုပေါင်းသံဃာအပါး ၂ဝဝ နှင့် ရတနာ့ဗိမာန်ပရိယတ္တိစာသင်တိုက် ကျောင်းရှိသံဃာများအား ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးကော်မတီဝင်  ဦးခင်မောင်တင့်ဦးဆောင်၍ လှည်း ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်မြတ်သူ၊ အတွင်းရေးမှူး ဦးကျော်စိုးဝင်းနှင့် မြို့နယ်ကော် မတီဝင်များ၊ စည်းမှူး၊ စည်းကော် မတီဝင်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီလစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမတွင် ယမန်နေ့ နံနက် ပိုင်းက ပြည်နယ်၊ ခရိုင်၊ မြို့နယ် လစဉ်ပုံမှန်အစည်းအဝေးကျင်းပ ရာ ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူ ရိန်ဇော်၊ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်အတွင်း ရေးမှူး ဦးစန်းကိုနှင့်ပြည်နယ် ပါတီကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်တာဝန်ခံ ကရင်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်သည် ယနေ့ နံနက်ပိုင်းက ကောဝါလဲကျေးရွာအုပ်စု နောင်တမံဘကကျောင်းသို့ ရောက်ရှိခဲ့ပြီး ဆရာလေးဒေါ်သုကေတီသို့ အလှူငွေကျပ် တစ်သိန်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဆောက်လုပ်ဆဲကျောင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် အေးချမ်းသာယာ တောရကျောင်းသို့ရောက်ရှိခဲ့ပြီး ဆရာတော်အားဖူးမြော်ကာသင်္ကန်း တစ်စုံနှင့် နဝကမ္မဝတ္ထုငွေကျပ် လေးသောင်းခွဲ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကောဝါလဲဘုန်းတော် ကြီး ကျောင်းသို့ ရောက်ရှိခဲ့သည်။
ကောဝါလဲဆရာတော်အား ဖူးမြော်၍ နဝကမ္မငွေကျပ်သုံးသောင်း ဆက်ကပ်လှူဒါန်းပြီးနောက် ကျောင်းဓမ္မာရုံတွင် ဒေသခံအင်အား ၂၁ဝ ခန့်နှင့်တွေ့ဆုံခဲ့ပြီး ကျေးရွာမီးထွန်းပွဲတော်အတွက် အလှူငွေကျပ်တစ်သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှုတ်မှုစွမ်းရည်သင်တန်းအမှတ်စဉ်(၁)ဖွင့်

 

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျင်းပ ပြုလုပ်သော နှုတ်မှုစွမ်းရည် သင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်ကော် မတီဝင် ဦးမျိုးဇော်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးစိုးမင်း၊ အတွင်းရေးမှူး ဦးမျိုးမင်းနိုင်နှင့် မြို့နယ်ကော်မတီ ဝင်များ၊ သင်တန်းသားသင်တန်း သူများ တက်ရောက်ပြီး မြို့နယ် ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းကို ဖွင့်လှစ် ခဲ့ကြကြောင်း သိရသည်။