ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး ပြင်ဦးလွင်ခရိုင်နှင့်ပုသိမ်ကြီးမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့နံနက် ၉နာရီခွဲ၌ ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမတွင် ပြင်ဦးလွင်မြို့နယ်ပါတီကော်မတီဝင်များအားလည်းကောင်း၊ မွန်းလွဲ ၁နာရီခွဲ၌ ပုသိမ်ကြီးမြို့နယ်ပါတီရုံးတွင် ပုသိမ်ကြီးမြို့နယ်ပါတီကော်မတီဝင်များအားလည်းကောင်း တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့သည်။
တွေ့ဆုံပွဲ အခမ်းအနားတို့တွင် ပြည်ခိုင်ဖြိုးပါတီဗဟိုဥက္ကဋ္ဌ ဦးသန်း ဌေးက ပါတီ၏အခြေခံဖြစ်သည့် ရပ်/ကျေးပါတီဝင်များနှင့်တွေ့ဆုံ ပြီး အောက်ခြေပါတီဝင်များ၏ အသံ/အကြံဉာဏ်များကို နားထောင် လို၍ လာခြင်းဖြစ်ကြောင်း၊ မိမိတို့ တင်ပြပြောကြားလိုသည်များကို ရဲရဲဝံ့ဝံ့တင်ပြကြစေလိုကြောင်း၊ ရပ်ကွက်/ကျေးရွာများရှိ ပြည်သူ လူထုနှင့် အမြဲထိတွေ့နေရန်လို ကြောင်း၊ ပါတီတွင်းစည်းလုံးညီ ညွတ်မှုရှိရေး၊ အထက်အောက် အပြန်အလှန်ယုံကြည်အားကိုးမှုရှိ ရေး၊ လေ့လာသင်ယူလိုစိတ်၊ နား ထောင်လိုစိတ်၊ လုပ်ချင်ကိုင်ချင် စိတ်များ မွေးမြူဆောင်ရွက်ကြ ရေး၊ မည်သည့်လုပ်ငန်းဆောင် ရွက်သည်ဖြစ်စေ ရှေ့တန်းတိုက်စစ် မှူးများအဖြစ် တက်တက်ကြွကြွ လုပ်ကိုင်ကြစေလိုကြောင်း မှာကြား ဆွေးနွေးခဲ့သည်။
ဆက်လက်မှာကြားရာတွင် ခေါင်းဆောင်မှုကဏ္ဍသည် အလွန် အရေးကြီးကြောင်း၊ မှန်ကန်သည့် ခေါင်းဆောင်မှုဖြင့် အင်အားစုစည်း တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အပေါ် သစ္စာရှိသူ၊ မျိုးချစ် စိတ်ရှိသူ၊ အမျိုးသားအကျိုးစီးပွား ဦးထိပ်ထားဆောင်ရွက်နိုင်သူများ ဖြစ်အောင် ကြိုးစားတည်ဆောက် ရမည်ဖြစ်ကြောင်းတို့အား အကျယ် တဝင့်မှာကြားခဲ့သည်။ နံနက်ပိုင်း တွေ့ဆုံပွဲအခမ်းအနားတွင် ရှေးဦး စွာတက်ရောက်လာသူများက နိုင်ငံ တော်သီချင်းသံပြိုင်သီဆို၍ အခမ်း အနားကိုဖွင့်လှစ်ခဲ့ပြီး ပြင်ဦးလွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလင်းဇော် မင်းက မြို့နယ်အတွင်းပါတီလုပ်ငန်း များ လှုပ်ရှားဆောင်ရွက်နေမှုအခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ သည်။ ထို့နောက် ပြင်ဦးလွင် ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်း ကြည်က ခရိုင်အတွင်းပါတီလုပ် ငန်းဆောင်ရွက်ထားရှိမှုအခြေအနေ များကို ဆွေးနွေးပြောကြားခဲ့သည်။
မွန်းလွဲပိုင်း တွေ့ဆုံပွဲအခမ်း အနားတွင် ရှေးဦးစွာ တက်ရောက် လာသူများက နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပုသိမ်ကြီးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဆွေသန်းက မြို့နယ် အတွင်းပါတီလုပ်ငန်းများ လှုပ်ရှား ဆောင်ရွက်နေမှုအခြေအနေများအား တင်ပြဆွေးနွေးပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့် တွေ့ဆုံပွဲ အခမ်းအနားများသို့ ပါတီဗဟို ဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ ပြည် ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ပါတီဗဟိုအလုပ်အမှု ဆောင်များဖြစ်ကြသော မန္တလေး တိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်၊ ဒေါက်တာ အောင်မြတ်ဦး၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်း ဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့ နယ်ပါတီဥက္ကဋ္ဌများနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီကော်မတီဝင်များ တက် ရောက်ခဲ့ကြသည်။