ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်တာဝန်ခံ ကရင်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်သည် ယနေ့ နံနက်ပိုင်းက ကောဝါလဲကျေးရွာအုပ်စု နောင်တမံဘကကျောင်းသို့ ရောက်ရှိခဲ့ပြီး ဆရာလေးဒေါ်သုကေတီသို့ အလှူငွေကျပ် တစ်သိန်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဆောက်လုပ်ဆဲကျောင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် အေးချမ်းသာယာ တောရကျောင်းသို့ရောက်ရှိခဲ့ပြီး ဆရာတော်အားဖူးမြော်ကာသင်္ကန်း တစ်စုံနှင့် နဝကမ္မဝတ္ထုငွေကျပ် လေးသောင်းခွဲ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကောဝါလဲဘုန်းတော် ကြီး ကျောင်းသို့ ရောက်ရှိခဲ့သည်။
ကောဝါလဲဆရာတော်အား ဖူးမြော်၍ နဝကမ္မငွေကျပ်သုံးသောင်း ဆက်ကပ်လှူဒါန်းပြီးနောက် ကျောင်းဓမ္မာရုံတွင် ဒေသခံအင်အား ၂၁ဝ ခန့်နှင့်တွေ့ဆုံခဲ့ပြီး ကျေးရွာမီးထွန်းပွဲတော်အတွက် အလှူငွေကျပ်တစ်သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

SL