ပါတီဗဟိုအလုပ်အမှုဆောင် ပေါင်မြို့နယ်ပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ် အမှုဆောင်နှင့် မွန်ပြည်နယ် ပေါင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာပါတီကော် မတီဝင်များနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၁ နာရီက ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပါတီ ဗဟိုအလုပ်အမှုဆောင် မွန်ပြည် နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည် သိန်း၊ ပြည်နယ်ပါတီကော်မတီဝင် ဦးခင်မောင်ဇော်၊ သထုံခရိုင်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော် မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီစည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင်ဗဟိုအလုပ် အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ကမိမိအနေဖြင့်ပါတီဗဟို၏ဆောင် ရွက်ချက်များ၊ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများအား ပါတီဝင်များသိရှိစေရန် လာရောက် တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ မိမိ တို့ပါတီဝင်များအနေဖြင့် ပါတီ လုပ်ငန်းဆောင်ရွက်ရာတွင် လုပ် ငန်းအောင်မြင်ရေးထက် ပြည်သူ ချစ်သောပါတီဖြစ်အောင် တတ် အားသရွေ့ လုပ်ကိုင်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ မြို့ နယ်၊ ရပ်ကွက်ကျေးရွာပါတီကော် မတီဝင်များအနေဖြင့် အများက ဗမာပါတီလို့ စွပ်စွဲပြောဆိုနေကြ တာကို ဗမာပါတီမဟုတ်ကြောင်း၊ တိုင်းရင်းသားပေါင်းစုံပါဝင်နေသော ပါတီဖြစ်ကြောင်း ပြည်သူများနား လည် သဘောပေါက်အောင်ရှင်းပြ ကြရန်လိုအပ်ကြောင်း၊ ပါတီဝင် တိုင်း ပါတီဖွဲ့စည်းပုံအခြေခံစည်း မျဉ်းကို သေချာစွာလေ့လာကြရန် လိုအပ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ သည် အမျိုးသားရေးနှင့်အမျိုးသား အကျိုးစီးပွားကိုဦးစားပေးဆောင် ရွက်နေသောပါတီဖြစ်ပါကြောင်း၊ မိမိတို့ပါတီဝင်များအနေဖြင့် ပါတီ တွင်းစည်းလုံးညီညွတ်ရေး၊ ပါတီ ဝင်အင်အား ခိုင်မာတောင့်တင်း ခိုင်မာရေး အရေးပေးဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ အထူး သဖြင့် တိုင်းရင်းသားပြည်သူလူထု အကျိုးကို ရှေးရှုလုပ်ဆောင်သွား ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာ ကြားခဲ့သည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ က မိမိမြို့နယ်ပါတီအခြေအနေ၊ ပါတီဝင်အင်အားစိစစ်ရေး စည်းရုံး ထားမှုအခြေအနေ၊ မိမိမြို့နယ်၏ ပကတိအခြေအနေများ၊ ပါတီ၏ လမ်းညွှန်ချက်များအား လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် နေမှုများကို တင်ပြဆွေးနွေးပြီး ရေးရာကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုများကို ရေးရာ တာဝန်ခံများက ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

ထို့နောက် ရပ်ကွက်နှင့်ကျေး ရွာစည်းရုံးရေးမှူးများက ပါတီဝင် အင်အားတိုးတက်ရေး၊ ပါတီဝင် စိစစ်ရေးလုပ်ငန်းများအား စည်းရုံး လှုပ်ရှားဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ပါတီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြော ကြားပြီး တင်ပြချက်များကို ပြန် လည်ရှင်းလင်းဆွေးနွေးကာ ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မောင်း(ရာမညမြေ)