စဉ့်ကိုင်ကြီးကျေးရွာတွင် ကျောင်းသားကျောင်းသူများအား ဗလာစာအုပ်များလှူဒါန်း

 

ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားရေး လိုအပ်သည် များကို ကူညီပံ့ပိုးပေးရေး ရည် ရွယ်ချက်များဖြင့် မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗလာစာ အုပ်များလှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက စဥ့်ကိုင်ကြီး ကျေးရွာအမကကျောင်း၌ ကျင်းပ ခဲ့သည်။

အဆိုပါလှူဒါန်းပွဲတွင် ပြည် ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးထွန်း နိုင်ကကျောင်းသားကျောင်းသူများ အား လှူဒါန်းရခြင်းရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး ကျေးရွာအတွင်းရှိKG တန်း၊ မူလ တန်း၊ အလယ်တန်း၊ အထက်တန်း အဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၂ဝ အား ဗလာစာအုပ် များ ပေးအပ်လှူဒါန်းခဲ့သည်။ အခမ်းအနားသို့ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာမများ၊ မြို့နယ် ပြည်ခိုင်ဖြိုး အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့ ဝင်များ၊ ရပ်မိရပ်ဖများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းသန်း