မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အတည်ပြုရွေးချယ်ခြင်း

 

၂၀၁၇ – ခုနှစ် ၊ စက်တင်ဘာလ(၂၂) ရက်နေ့ ၊ မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ မြို့နယ်ပါတီဥက္ကဋ္ဌ အသစ်ပြန်လည် ရွေးချယ် ခြင်း အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ / ပါတီဗဟို ကော်မတီဝင် ဦးစိုင်းလုံးဆိုင် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် / ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာ စိုင်းဆိုက်ကျောက်ဆမ် ၊ ရှမ်းပြည် နယ် အရှေ့ပိုင်း ပြည်နယ် အတွင်းရေးမှူး ဦးစိုင်းကျော်လှ ၊ ကျိုင်းတုံခရိုင် ပါတီဥက္ကဋ္ဌ ဦးကနေဒီပွန်းနှင့် မိုင်းပျဉ်းမြို့နယ်မှ ပါတီကော်မတီဝင်များ ၊ အရန်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။

အဆိုပြုသူ ၊ ထောက်ခံဆွေးနွေးသူ ၊ တက်ရောက်လာသူ ကော်မတီဝင် အများ၏ သဘောဆန္ဒနှင့်အညီ အားလုံးတစ်ညီတစ်ညွတ်တည်း နှစ်ထောင်းအားရ ထောက်ခံကြပြီးနောက် ယခင်      မြို့နယ်ပါတီ ကော်မတီ ဝင် ဟောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဦးစိုင်းလောင်းအား မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြပါသည်။

Crd