ပြည်ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်

 

ပြည်တောင်တန်းတောရကျောင်းဆန်လှူအသင်းကြီး၏ ( ၃၆ )ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကြီးသို့ ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်တော် (၃၆ )အိတ်ကို ပါဝင်လှူဒါန်းခဲ့ပြီး လုပ်အားဒါနများကိုပါ အခြားအဖွဲ့အစည်းများဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Moe San’


ယုံကြည်မှုမြင့်မားစေရန် တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ပုံမှန်ဆက်ဆံမှု ဖော်ထုတ်ရမည်ဟု JMC ဒုဥက္ကဋ္ဌပြော

 

အပစ်ရပ်စောင့်ကြည့်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ယုံကြည်မှုမြင့်မားလာစေရန် တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ပုံမှန်ဆက်ဆံမှု ဖော်ထုတ် ရမည်ဖြစ်ကြောင်း ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)ဒုဥက္ကဋ္ဌ (၁)၊ ကရင် အမျိုးသားအစည်းအရုံး (KNU) စစ်ထောက် ချုပ် ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီမှ ဝါတွင်းကာလပြုလုပ်နေကျ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ပွဲတွင် ပါတီ အမျိုးသမီးရေးရာကော်မတီဝင်များ ရွတ်ဖတ်ပူဇော်

 

 

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကော်မတီဝင်များ ဝါတွင်းကာလ လပြည့်၊ လကွယ်နေ့တိုင်း ပြုလုပ်နေကျဖြစ်သော ဓမ္မစင်္ကြာရွတ်ဖတ် ပူဇော်ပွဲကို ယနေ့ ၁၃၇၉ ခုနှစ် (သာသနာနှစ် ၂၅၆၁ ခုနှစ်)၊ တော်သလင်း လကွယ်နေ့ ညနေ ၅ နာရီက ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် ရုံးဝင်းအတွင်းရှိ ရွှေစေတီငွေစေတီတော် ဓမ္မာရုံ၌ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ကယားပြည်နယ် ပြည်နယ်ပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

၂၀.၉.၂၀၁၇ ရက်နေ့ နံနက် (၁၀း၁၅) နာရီအချိန်မှ နေ့လည်(၁း၀၀) နာရီအချိန် အထိ ကယားပြည်နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်တွင် ပြည်နယ်ပါတီ   လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် “အကြမ်းဖက်ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ ဖိအားပေးမှုများ ပြည်တွင်းရေးကို ၀င်ရောက်စွတ်ဖက်မှုများမှ ကန့်ကွက်ပွဲနှင့် အကြမ်းဖက်မှု ရှူတ်ချပွဲကြီး´´အား ကယားပြည်နယ်အတွင်း ကျင်းပပြုလုပ်နိုင်ရန်အတွက် အသေးစိတ် ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်တွင် ရခိုင်အရေး ဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြည်ထောင်စုနယ်မြေမှ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် စက်တင်ဘာ လ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဦးဝေလွင်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ပုံ fb

ကန်ကြီးထောင့်ပြည်ခိုင်ဖြိုးပါတီမှ လူငယ်တွေ့ဆုံပွဲကျင်းပပြုလု

 

ကန်ကြီးထောင့်မြို့နယ် ထိန်တောကြီးအုပ်စု မိကျောင်းသိုက်ကျေးရွာတွင်လူငယ်တွေ့ဆုံပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာအုပ်စုတွင်း လူငယ်(150)နှင့်မြောင်းမြလူငယ်(25)ပါဝင်ခဲ့ကြပြီး မြို့နယ်ပါတီကော်မတီဝင်ဦးဝင်းထွန်းကဦးဆောင်ကာပါတီဝင်လူငယ်များ တက်ကြွစွာ ပါဝင်ဆင်နွဲ့ခဲ့ကြကြောင်း သိရသည်။

USDP Ayeyarwady Region News


တနင်္သာရီတိုင်းရှိ ကျောက်မီးသွေးသတ္တုစီမံကိန်းကို ထိုင်းနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ပူးပေါင်း စစ်ဆေးမည်

ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် တိုင်ကြားခံရသည့် တနင်္သာရီတိုင်း ဘန်းချောင်းဒေသ ကျောက်မီးသွေးသတ္တုတွင်းစီမံ ကိန်းကို ထိုင်းနှင့် မြန်မာ လူ့အခွင့် အရေးကော်မရှင်နှစ်ရပ် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမည်ဖြစ်သည်။

ထိုင်းကုမ္ပဏီသုံးခုမှ အဓိကလုပ်ဆောင်နေသည့် ဘန်းချောင်း ဒေသကျောက်မီးသွေး သတ္တုတူးဖော်ရေး လုပ်ငန်း များကြောင့် ဒေသခံများ ကြုံတွေ့နေရသည့် ထိ ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ဌာနေတိုင်းရင်း သားများက ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံသို့ ၂၀၁၇ ဇွန်လ ၂၀ ရက်တွင် တိုင် ကြားခဲ့ရာ စက်တင်ဘာ ၁၁ရက် ၌ ကနဦးကြားနာစစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဒေါ်အောင်ဆန်းစုကြည်ရှုတ်ချ

ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှုတ်ချခဲ့ပြီး လူ့အခွင့်အရေးချိုး ဖောက်သူများအနေဖြင့် အပြစ်ပေးခံရမည် ဟု ပြောကြားခဲ့သည်။ သို့သော် ဘင်္ဂါလီမွတ်စလင်များကို လူမျိုးတုံးသတ်ဖြတ်နေသည်ဆိုသော   ကုလသမဂ္ဂ၏ စွပ်စွဲချက်များနှင့်စပ်လျဉ်း၍ ဒေါ် အောင်ဆန်းစုကြည်က မိန့်ခွန် တွင် ထည့်သွင်းပြောကြားခြင်းမရှိ ပေ။

ဥပဒေနှင့်အညီ နေထိုင်သည့် မွတ်စလင်ကျေးရွာများကို စောင့်ရှောက်ထားကြောင်း ကာကွယ်ရေးဝန်ကြီးပြော

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် ဥပဒေနှင့်အညီနေထိုင်သည့် မွတ်စလင် ကျေးရွာများစွာ ကျန်ရှိနေပြီး ၎င်းတို့ကို ကောင်းမွန်စွာ စောင့် ရှောက်ထားကြောင်း ကာကွယ် ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

မွန်တိုင်းရင်းသားဆိုင်ရာ မူဝါဒများ ရေးဆွဲရာတွင် အချက်အလက်နှင့် နည်းပညာ ကူညီရန် အထောက်အကူပြု ရုံးခန်းဖွင့်မည်

မွန်လူမျိုး၊ မွန်ပြည်နယ်အရေးနှင့်သက်ဆိုင်သည့် မူဝါဒမူကြမ်းများရေးဆွဲရာတွင် လိုအပ်သောအချက်အလက်နှင့် နည်းပညာများကူညီနိုင်ရန် ရည်ရွယ်၍ အထောက်အကူပြုရုံးခန်းဖွင့်လှစ် တည်ထောင်မည်ဖြစ်ကြောင်း မွန် အမျိုးသားပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးမင်းဇေယျာဦးက ပြောသည်။