ပြည်ခိုင်ဖြိုးပါတီမှ ဝါတွင်းကာလပြုလုပ်နေကျ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ပွဲတွင် ပါတီ အမျိုးသမီးရေးရာကော်မတီဝင်များ ရွတ်ဖတ်ပူဇော်

 

 

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကော်မတီဝင်များ ဝါတွင်းကာလ လပြည့်၊ လကွယ်နေ့တိုင်း ပြုလုပ်နေကျဖြစ်သော ဓမ္မစင်္ကြာရွတ်ဖတ် ပူဇော်ပွဲကို ယနေ့ ၁၃၇၉ ခုနှစ် (သာသနာနှစ် ၂၅၆၁ ခုနှစ်)၊ တော်သလင်း လကွယ်နေ့ ညနေ ၅ နာရီက ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် ရုံးဝင်းအတွင်းရှိ ရွှေစေတီငွေစေတီတော် ဓမ္မာရုံ၌ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ် (ဗဟိုအမျိုးသမီးရေးရာတာဝန်ခံ)၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့် (ဗဟိုအမျိုးသမီးရေးရာ တွဲဖက်တာဝန်ခံ)နှင့် အမျိုးသမီးရေးရာကော်မတီဝင်များ ရုံးဝန်ထမ်း အမျိုးသမီးငယ်များ တက်ရောက်ကာ ဓမ္မစင်္ကြာတရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

Crd;