ကယားပြည်နယ် ပြည်နယ်ပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

၂၀.၉.၂၀၁၇ ရက်နေ့ နံနက် (၁၀း၁၅) နာရီအချိန်မှ နေ့လည်(၁း၀၀) နာရီအချိန် အထိ ကယားပြည်နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်တွင် ပြည်နယ်ပါတီ   လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် “အကြမ်းဖက်ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ ဖိအားပေးမှုများ ပြည်တွင်းရေးကို ၀င်ရောက်စွတ်ဖက်မှုများမှ ကန့်ကွက်ပွဲနှင့် အကြမ်းဖက်မှု ရှူတ်ချပွဲကြီး´´အား ကယားပြည်နယ်အတွင်း ကျင်းပပြုလုပ်နိုင်ရန်အတွက် အသေးစိတ် ဆွေးနွေးခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးပိုးရယ်အောင်သိန်း၊အတွင်းရေးမှူး ဦးဌေးရယ်နှင့် ပြည်နယ်ကော်မတီဝင်များ၊ လွိုင်ကော်ခရိုင်  ကော်မတီဝင်များ ၊ လွိုင်ကော်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌတို့ တက်ရောက်ကြောင်း သတင်းရရှိပါသည်။