လူငယ်နှင့် ငြိမ်းချမ်းရေးစကားဝိုင်း နေပြည်တော်တွင် ပထမအကြိမ်ပြုလုပ်

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ နယ်တွင် လူငယ်နှင့်ငြိမ်းချမ်းရေး စကားဝိုင်းနှင့် ငြိမ်းချမ်းရေးဂီတ ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၄ ရက်က ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သည်။ ‘‘ငြိမ်းချမ်းပြီးသားဒေသက လူငယ်တွေကြားထဲမှာ ငြိမ်းချမ်းရေးအဓိပ္ပာယ်၊ ငြိမ်းချမ်းရေးရဲ့အနှစ်သာရ၊ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက် ရမလဲဆိုတဲ့ အတွေးအမြင်ရသတွေကို ဖော်ဆောင်တဲ့ ရည်ရွယ်ချက်လေး ပါပါတယ်ဗျ’’ ဟု ပွဲစီစဉ်သည့် ပျဉ်းမနားမြို့နယ် လူငယ်ကွန် ရက်ဥက္ကဋ္ဌ ဦးသိန်းသန်းဦးက ပြောသည်။

လူငယ်နှင့် ငြိမ်းချမ်းရေး စကားဝိုင်းကို ပျဉ်းမနားလူငယ် ကွန်ရက်က ကြီးမှူး၍ပျဉ်းမနားမြို့နယ် ပညာရေး ဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ပန်းချီ၊ ပန်းပုအစည်းအရုံး၊ နေပြည်တော်ဝိုင်အမ်စီအေအသင်းနှင့် ကရင်ဖြူလူငယ် ကွန်ရက်တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းစကားဝိုင်းတွင် အသက် (၁၃)နှင့် (၁၆)နှစ်အကြား ကျောင်းသား၊ ကျောင်းသူများ၏ ငြိမ်းချမ်းရေးအပေါ်အမြင်၊ သဘောထား၊ ငြိမ်းချမ်းရေးတည်ဆောက်ပုံ၊ အ တွေးအမြင်၊ ထိန်းသိမ်းပုံတို့ကို ပါ ၀င်ဆွေးနွေးပြောဆိုခဲ့သည်။

‘‘၂၁ ရာစုပင်လုံက ထွက် လာမယ့်ရလဒ်တွေက နောက်ပိုင်း မျိုးဆက်တွေကိုဆက်ပြီး ဆင့် ကမ်းရမယ့်သဘော သဘာဝရှိပါ တယ်။ ဒီလက်ဆင့်ကမ်းမယ့် လူငယ်တွေက ငြိမ်းချမ်းရေးရဲ့ သဘောသဘာဝ၊ အနှစ်သာရကို မှ သူတို့ကိုယ်တိုင် ခံစားမသိထားရင် ကျွန်တော်တို့က လက်ဆင့်ကမ်းသယ်ယူဖို့ဆိုတာ ခက်ခဲမယ်လို့ ထင်ပါတယ်’’ဟု အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ရခြင်းနှင့် ပတ်သက်၍ ဦးသိန်းသန်းဦး က ပြောကြား သည်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူ ဒသမတန်း ကျောင်းသူ မသီရိထက်ဇော်က ‘‘လူတိုင်းကို ကိုယ်ချင်းစာတရား ထားလိုက်ရင် အားလုံးငြိမ်းချမ်းသွားမယ်လို့ ထင်ပါတယ်။ ကိုယ်မကောင်းတာ ကြံတော့ မယ်ဆိုရင် ကိုယ်သာသူ့နေရာမှာ ဘယ်လိုခံစားရမလဲဆိုတာ ကိုယ်နဲ့အရင်ယှဉ်ပြီး စဉ်းစားလိုက်ရင် မြင်တတ် မယ်လို့ ထင်ပါတယ်’’ ဟုငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ၎င်း၏ ထင်မြင်ယူဆချက်ကို ပြောကြားသည်။

ငြိမ်းချမ်းရေးစကားဝိုင်းပြု လုပ်ခြင်းသည် လူငယ်များ ကိုယ်တိုင်က နိုင်ငံရေး၊ ငြိမ်းချမ်းရေးကို စိတ်ဝင်စား လာမှုကို အားပေး ရမည်ဖြစ်ပြီး ဂုဏ်ယူစရာကောင်းကြောင်း ဗုဗ္ဗသီရိမြို့နယ်ပြည်သူ လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က ပြောသည်။

 7day daily