ထန်းတပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လမုတန်းကြီးကျေးရွာအုပ်စုသို့ နယ်မြေကွင်းဆင်း မြို့နယ်ပါတီရုံးတွင် အစည်းအဝေးကျင်းပ

 

ရန်ကုန် သြဂုတ် ၂၂

မိုးကုတ်ဝိပဿနာရိပ်သာတရားစခန်းအောင်ပွဲ ဝါဆိုသင်္ကန်းဆက်ကပ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခုနစ်ရက်ပတ်လုံးလုပ်အားဒါနလှူ

 

ရန်ကုန် သြဂုတ် ၂ဝ

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင်လှိုင်သာယာမြို့နယ်အမှတ် (၁၂)ရပ်ကွက် လှိုင်ရတနာလမ်း မိုးကုတ်ဝိပဿနာရိပ်သာ အဖွဲ့ခွဲ အမှတ်(၁၄၆)တွင် ၁၃၈ ကြိမ် မြောက် တရားစခန်းအောင်ပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရ သည်။

ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

 

ရန်ကုန် သြဂုတ် ၁၉

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီ ရုံးတွင် နှစ်စဉ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁ဝနာရီတွင် မြို့နယ်ပါတီရုံး၌ကျင်းပရာ အခမ်းအနားသို့ ပါတီဗဟို ကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီကော်မတီမှ ဒေါ်စန်းစန်းဝင်း၊ တိုင်းပါတီနာယက ဒေါက်တာခင်မောင်ထွန်းနှင့်ဇနီး ဒေါ်ဥမ္မာသန်း (ထက်လင်းနှင့် ရွှေခေါင်းပေါင်းဆေးတိုက်)မိသားစု၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါက်တာနေလင်း၊ အရှေ့ပိုင်းခရိုင် ဘဏ္ဍာရေးမှူး ဦးဝဏ္ဏမျိုး၊ မြို့နယ်ဥက္ကဋ္ဌဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်သာသနနုဂ္ဂဟအဖွဲ့ဝင်များ၊ ပါတီနာယက အကြံပေးအဖွဲ့ဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ လူငယ်အမျိုးသမီးအဖွဲ့ ဝင်များက ဝါဆိုသင်္ကန်းများကိုဆက်ကပ်လှူဒါန်းကြသည်။

ပါတီဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ ရန်ကုန်တိုင်းအမျိုးသမီးရေးရာတာဝန်ခံများအားတွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှတိုင်းခရိုင်မြို့နယ်ပါတီဥက္ကဌများအမျိုးသမီးရေးရာတာဝန်ခံများနှင့်ပာတီဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံဒေါက်တာ ဒေါ်စန်းစန်းနွယ် ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းတာဝန်ခံဦးခင်ရီတိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးတို့တွေ့ဆုံပွဲအခမ်းအနားကိုသြဂုတ်လ(၁၈)ရက်နေ့လည်(၁၁:၃၀)နာရီကရန်ကုန်တိုင်းပြည်ခိုင်ဖြိုးခန်းမတွင်ကျင်းပကြောင်းသိရှိရသည်။
အခမ်းအနားအစီအစဉ်အရပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းတာဝန်ခံဦးခင်ရီမှအမှာစကားပြောကြားရာတွင်စွမ်းရည်မြင့်မားပြည့်ဝသည့်အမျိုးသမီးထုကြီးမှနိုင်ငံ့အရေးကိစ္စများကိုဖေါ်ဆောင်နိုင်ရန်အတွက်အမျိုးသမီးညီလာခံကိုကျင်းပမှာဖြစ်ကြောင်းသို့ဖြစ်၍ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးထုသည်လည်းစည်းရုံးရေးစွမ်းရည်ပြည့်ဝသည့်အမျိုးသမီးပါတီဝင်များဖြစ်ရန်တစ်ဦးချင်းသော်လည်းကောင်းအဖွဲ့လိုက်သော်လည်းကောင်းကြိုးစားကြစေခြင်ကြောင်းမှာကြားသည်။
ထို့နောက်တိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးမှယနေ့ညှိနှိုင်းအစည်းအဝေးသည်တိုင်းခရိုင်မြို့နယ်အမျိုးသမီးအကြိုညီလာခံများကျင်းပနိုင်ရန်အတွက်ဖြစ်ကြောင်းပါတီဥက္ကဌများလည်းတက်ရောက်သည့်အတွက်မှာကြားလိုကြောင်းယနေ့ခေတ်အခြေအနေအရပါတီဥက္ကဌများအမျိုးသမီးပါတီဝင်များသည်ပြောရဲဆိုရဲဟောပြောရဲသည့်အရည်အချင်းနှင့်ပြည့်ဝနေရန်လိုအပ်ကြောင်းအမျိုးသမီးအကြိုညီလာခံအဆင့်ဆင့်ပြုလုပ်နိုင်ရန်ပြင်ဆင်ထားကြဖို့မှာကြားလိုကြောင်းပြောကြားသည်။
ဆက်လက်၍ပါတီဗဟိုအတွင်းရေးမှုးအမျိုးသမီးရေးရာတာဝန်ခံဒေါက်တာစန်းစန်းနွယ်မှအမှာစကားပြောကြားရာတွင်ယနေ့တွေ့ဆုံပွဲသည်ပြည်ခိုင်ဖြိုးပါတီအမျိုးသမီညီလာခံကျင်းပနိုင်ရေးအတွက်အကြိုညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်းရည်ရွယ်ချက်မှာပါတီ၏ဦးဆောင်မှုအခန်းကဏ္ဍမြှင့်တင်ရေးတွင်အမျိုးသမီးထုမှပါဝင်နိုင်ရန်ပါတီ၏မူဝါဒလုပ်ငန်းစဉ်များကိုပြည်သူများသိရှိစေရန်အမျိုးသမီးများဘဝလုံခြုံရေးနှင့်စွမ်းရည်မြင့်မားတိုးတက်စေရေးနှင့်အမျိုးသမီးဘဝမြှင့်တင်ရေးတို့အတွက်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းထို့နောက်အမျိုးသမီးညီလာခံကျင်းပနိုင်ရေးအတွက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုဆွေးနွေးပြောကြားသည်။
ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုမေးမြန်းတင်ပြကြပြီးတွေ့ဆုံပွဲအခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ထိန်ဝင်း(YGN)


ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေလှူဒါန်း

 


ခရမ်း၊ သြဂုတ် ၁၅

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ဘိုကလေးကျေးရွာတွင် ထူးကဲ ဒီရေမြင့်တက်မှုကြောင့် ရေဘေးဒုက္ခ ကြုံတွေ့နေရသည့် ပြည်သူများအား ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ထောက်ပံ့ငွေများ ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ယာယီကယ်ဆယ်ရေးစခန်းရှိရာ ဘိုကလေးကျေးရွာ ဆိုက်ကလုံးရှပ်တာ အဆောက်အအုံတွင် ကျင်းပခဲ့သည်။  အခမ်းအနားတွင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အလှူငွေကျပ် သုံးသိန်းကို မြို့နယ်အတွင်းရေးမှူး ဦးဝင်းရွှေနှင့်အဖွဲ့မှ ပေးအပ်လှူဒါန်းခဲ့ပြီး ရေဘေးသင့် ပြည်သူများအား အားပေးစကားပြောကြားခဲ့သည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများအား ထမင်းဟင်းများဝေငှ

ရန်ကုန်၊ သြဂုတ် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၉၃) ရပ်ကွက်ရှိ ရေဘေးသင့် ပြည်သူများအား ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်လဲ့လဲ့အေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဝင်း၊ အတွင်းရေးမှူး ဦးခင်မောင်ဝင်း၊ ဘဏ္ဍာရေးမှူး ဦးဇင်မင်းထွန်း၊ လူ ငယ်ဥက္ကဋ္ဌ ဦးကျော်သူရနှင့် လူငယ်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ယမန်နေ့ ညနေ ၅ နာရီခွဲမှ စတင်၍ ရေဘေးသင့်ပြည်သူများအား ညနေစာအဖြစ် ထမင်းဟင်းများကို အိမ်တိုင်ရာရောက် လိုက်လံဝေငှ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းကပ်လှူပွဲ အဖျောက်ဒေသပါတီရုံး၌ ကျင်းပ

ရန်ကုန်၊ သြဂုတ် ၁၅

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက တိုက်ကြီးမြို့နယ် အဖျောက်ဒေသ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘုရားအမှူးပြု၍ ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်မြတ်များထံမှ ရတနာမြတ်သုံးပါးနှင့် တကွ ငါးပါးသီလ ခံယူဆောက်တည်ကာ အနုမောဒနာတရား နာကြားကြသည်။

ဖြိုးစေတနာ သွားနှင့်ခံတွင်းရောဂါ အခမဲ့ ကွင်းဆင်းကုသခြင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ဆောင်

ရန်ကုန်၊ သြဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်းရောဂါ အခမဲ့ ကွင်းဆင်းကုသရေးအဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၄၁ – တိုးချဲ့) တော်ဝင်အိမ်ရာ သန္တိသုခ သာသနာ့ဗိမာန်တော်တွင် သွားနှင့်ခံတွင်းရောဂါဝေဒနာရှင်များ ကို အခမဲ့ ကွင်းဆင်းကုသ ဆောင်ရွက်ပေးခဲ့သည်။