အမျိုးသမီးရေးရာညီလာခံကို ဂုဏ်ပြုကြိုဆို ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်များ စာရေးကိရိယာများလှူဒါန်း

 

ရန်ကုန် သြဂုတ် ၂၇

ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီ ဝင် ရန်ကုန်တိုင်းဒေသကြီး အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်း ဝင်း၊ပါတီဗဟိုကော်မတီဝင် တာမွေ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေတို့ လိုက်ပါပြီး မေတ္တာညွန့်ရပ်ကွက် သီရိလမ်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သို့ ယနေ့နံနက်ပိုင်းတွင် သွား ရောက်၍ ဗလာစာအုပ်များ၊ ခဲတံ များကို လှူဒါန်းခဲ့သည်။

(၅၇)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့အထိမ်းအမှတ်အဖြစ် ဓမ္မစကြာတရားတော်များရွတ်ဖတ်ပူဇော်

 

ပေါင်းတည် သြဂုတ် ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းပါတီကော်မတီဝင် အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်ထားထားနုဦးဆောင်၍ ပေါင်းတည်မြို့နယ် ကော်မတီဝင်များ၊ ပါတီဝင်များစုပေါင်း၍ (၅၇)နှစ်မြောက် နိုင်ငံ တော်ဘာသာနေ့အထိမ်းအမှတ်အဖြစ် ပေါင်းတည်မြို့နယ် အုတ်ဖို (၁)ရပ်ကွက် ၃၈ လမ်းရှိ ဣစ္ဆာသယ ဘုန်းတော်ကြီးကျောင်းတွင်း၌ ယမန်နေ့(ဝါခေါင်လပြည့်နေ့)ဝွာင် ညနေ ၆ နာရီမှ ည ၈ နာရီအထိ ဓမ္မစကြာတရားတော်နှင့် မေတ္တသုတ်ပရိတ်တရားတော်များရွတ်ဖတ် ပူဇော်ခဲ့ကြကြောင်း သိရသည်။

ဖြိုးစေတနာအခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွ

 

ရန်ကုန် သြဂုတ် ၂၆

ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့ပီလခတ်ကျေးရွာ ဟိန္ဒူဘုရားကျောင်းဝင်းရှိ ဓမ္မာရုံ ၌ ယနေ့နံနက် ၉ နာရီခွဲတွင် တောင်ပိုင်းခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးဦးအောင်ကျော်မင်း ဦးဆောင်သော ဖြိုးစေတနာ(အခမဲ့) နယ်လှည့်အထွေထွေရောဂါဆေး ကုသရေးအဖွဲ့သည် ကျောက်တန်း မြို့နယ် ပီလခတ်ကျေးရွာအုပ်စု (တမံကြီးပီလခတ်ဟိန္ဒူပီလခတ်) ရှိကျေးရွာနေ မိဘပြည်သူများအား အခမဲ့ဆေးဝါးကုသမှုပြုလုပ်ပေး ခဲ့သည်။

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတာဝန်ခံများတွေ့ဆုံညှိနှိုင်း

 

ရန်ကုန် သြဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီရုံးတွင်ယနေ့မွန်းလွဲ ၁နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိအမျိုးသမီးရေးရာတာဝန်ခံ များ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင်ရန်ကုန်တိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်း၊တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံများ တက်ရောက်ကြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကင်းရေး ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်

 

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဦးဆောင်၍ သာယာကုန်းရပ်ကွက်တွင် ယမန်နေ့ နံနက် ၈ နာရီ၌ သွေးလွန်တုပ်ကွေးရောဂါကင်းစေရန် ခြင်ဆေးမှုတ်ခြင်းနှင့်အဘိတ်ဆေးခတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းခြင်ဆေးမှုတ်ခြင်းပြုလုပ်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးတင်ရှိန်၊ နယ်မြေတာဝန်ခံ ဦးဗိုလ်ဗိုလ်ခင်မောင်တင့် (လူငယ်တာဝန်ခံ)နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာ၊ သာယာကုန်းရပ်ကွက် ပါတီခေါင်းဆောင် ဒေါ်လေးလေးမြင့်နှင့် ပါတီကော်မတီဝင်များ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကျန်းမာရေးထောက်ပံ့ငွေများ ကူညီပေးအပ်

 

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူးဦးတင်ရှိန်၊ (လူငယ်တာဝန်ခံ) ဗိုလ်ဗိုလ်ခင်မောင်တင့်နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်ပါတီ ခေါင်းဆောင်များက လွတ်လပ်ရေးရပ်ကွက် စည်း/မှူးဟောင်း ဒေါ်ခင်မျိုးမြင့်အား ကျန်းမာရေးအတွက် ထောက်ပံ့ ငွေများ ကူညီပေးအပ်ခဲ့သည်။
တစ်ဆက်တည်းမှာပင် သိမ်ဖြူမီးရထားရပ်ကွက် တွဲဖက်ပါတီ ခေါင်းဆောင် ကိုစည်သူ၏ဇနီး မီးဖွားခြင်းအတွက် ထောက်ပံ့ငွေ များကို အိမ်တိုင်ရာရောက် ကူညီလှူဒါန်းခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မှိုကုန်းသာအောင်သာဒါန်းဆရာတော်အား ဝါဆိုသင်္ကန်းကပ်လှူ

 

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ် အောင်သာဒါန်းနှင့်ထွန်း စိန်ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စု ၄၂ စုအား ထောက် ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရန် သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မှိုကုန်းသာအောင်သာဒါန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ယနေ့ ရောက်ရှိစဉ် ကျောင်းတိုက်ဦးစီး ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နာဂဝံသအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုတို့အား ရန်ကုန် (တောင်ပိုင်း)ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးလွင်ဦး၊ ပြည်ခိုင်ဖြိုး ပါတီ တိုင်းအရန်ပါတီကော်မတီ ဒေါက်တာမြင့်သိန်းနှင့်ဇနီးဒေါ်အေး ရီ၊ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုနှင့် ပါတီဝင်များက ဆက်ကပ်၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေ ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဆွမ်းဆန်တော်လှူဒါန်း

 

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဗဟန်းမြို့နယ်ရှိ ဦးသာသနာ့ကျောင်းတိုက်ရှိ ဝါဆို သံဃာတော်များ ဆွမ်းဆန်တော်အခက်အခဲမရှိစေရေးအတွက် ဗဟိုကော်မတီဝင် တိုင်းပါတီအတွင်းရေးမှူးဦးသာဝင်းနှင့် တိုင်း ပါတီကော်မတီဝင် ဒေါက်တာကျော်စိုးတို့က ဆွမ်းဆန်တော် ငါး အိတ်အား တိုက်အုပ်ဆရာတော်ထံသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)