သုံးခွရှိ ရေဘေးသင့် ကျေးရွာသုံးရွာမှ ပြည်သူများသို့ ပြည်ခိုင်ဖြိုးပါတီနှင့် အလှူရှင်များက လှူဒါန်း

 

ရန်ကုန် သြဂုတ် ၂၂

မုတ္တမပင်လယ်ကွေ့အနီးရှိ ကျေးရွာများတွင် ပင်လယ်ရေမြင့် တက်တိုက်စားမှုကြောင့် နေအိမ်နှစ်လုံးရေထဲမျောပါသွားခဲ့ပြီး နေအိမ်အချို့ ရေများဝင်ရောက်မှုကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အောင်သာဒါန်းကျေးရွာ၊ ထွန်းစိန်ကျေးရွာ၊ သမစိတ္တကျေးရွာတို့၌ ယခုလ ၁၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်းသိရသဖြင့် ရေဘေးသင့်ခံခဲ့ရသော ပြည်သူများအား ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သိရသည်။
မှိုကုန်းသာကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်၌ ယမန်နေ့ နံနက် ၁ဝ နာရီက ရေဘေးသင့်ကျေးရွာများဖြစ်သည့် သုံးခွမြို့နယ် အောင်သာဒါန်းကျေးရွာ တာကျိုးပေါက်မှုကြောင့် အောင်သာဒါန်းကျေးရွာ၊ ထွန်းစိန်ကျေးရွာ၊ သမစိတ္တကျေးရွာနေပြည်သူများ၊ ရေနစ်မြုပ်မှုကို ခံစားနေကြရသဖြင့် အလှူရှင်များဖြစ်ကြသော သန်လျင်မြို့ ချမ်းမြေ့မေတ္တာ အထူးကုဆေးခန်းပိုင်ရှင် ဗိုလ်မှူးကြီး ဇော်ဝင်း (ငြိမ်း) ဇနီးဒေါ်မိ မိတင်၊ (သမီး) ဂျူးဂျူး၊ သုံးခွမြို့ အမှတ် (၇) ရပ်ကွက် စတိုင်လ် ရေသန့်စက်ရုံပိုင်ရှင် ဦးတင်ထွတ်၊ သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယက ဒေါက်တာမြင့်သိန်းနှင့် ဇနီးဒေါ်အေးရီ မိသားစု၊ ရန်ကုန် တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦး၊ မြို့နယ်ပါတီ ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုနှင့် ပါတီကော်မတီဝင်များမှ ဆန်အိတ် အကြီး ၁၇ အိတ်၊ အိတ်သေး ၁၂ဝ၊ ရေသန့်ကတ် – ၁၂ဝ တို့ကို လှူ ဒါန်းခဲ့ရာ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁ဝဝ ခန့် တက်ရောက်ကြောင်း သိရသည်။

ကြည်စိုးလွင်(သုံးခွ)