ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတာဝန်ခံများတွေ့ဆုံညှိနှိုင်း

 

ရန်ကုန် သြဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီရုံးတွင်ယနေ့မွန်းလွဲ ၁နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိအမျိုးသမီးရေးရာတာဝန်ခံ များ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင်ရန်ကုန်တိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်း၊တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံများ တက်ရောက်ကြသည်။

အစီအစဉ်အရဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်း က အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဗဟို အဆင့်အမျိုးသမီးရေးရာ ညီလာခံ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက် ရန်ကိစ္စများကို ရှင်းလင်းဆွေးနွေး ရာတွင် ညီလာခံကိုယ်စားလှယ် များ ရွေးချယ်နိုင်ရန်၊ ညီလာခံ မတိုင်မီ ကြိုဆိုထောက်ခံပွဲများ ဆောင်ရွက်နိုင်ရန်၊ စာတမ်းများ ကြိုဆိုပြုစုထားနိုင်ရန်၊ မြို့နယ်များ တွင် အမျိုးသမီးညီလာခံအကြိုနှီး နှောဖလှယ်ပွဲများကျင်းပနိုင်ရေးနှင့် ဗဟိုညီလာခံတွင်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်ဆောင်ရွက် နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုချပြဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာ သည့်ခရိုင်နှင့်မြို့နယ်တာဝန်ခံများမှ သိရှိလိုသည်များကို ပြန်လည်မေး မြန်းကြရာ ဗဟိုကော်မတီဝင်တိုင်း ဒေသကြီးအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းကမေးမြန်းချက်များ ကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ ကြောင်းသိရသည်။

ထိန်ဝင်း(YGN)