မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကင်းရေး ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်

 

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဦးဆောင်၍ သာယာကုန်းရပ်ကွက်တွင် ယမန်နေ့ နံနက် ၈ နာရီ၌ သွေးလွန်တုပ်ကွေးရောဂါကင်းစေရန် ခြင်ဆေးမှုတ်ခြင်းနှင့်အဘိတ်ဆေးခတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းခြင်ဆေးမှုတ်ခြင်းပြုလုပ်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးတင်ရှိန်၊ နယ်မြေတာဝန်ခံ ဦးဗိုလ်ဗိုလ်ခင်မောင်တင့် (လူငယ်တာဝန်ခံ)နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာ၊ သာယာကုန်းရပ်ကွက် ပါတီခေါင်းဆောင် ဒေါ်လေးလေးမြင့်နှင့် ပါတီကော်မတီဝင်များ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)